ပရိသတ်ကြီးရေ ရွှေပိုးအိမ်ကတော့ ပရိသတ်တွေရဲ့ အချစ်တော် သရုပ်ဆောင်မင်းသမီးချောလေးတစ်လက်ပဲဖြစ်ပါတယ်။
မြန်မာဆန်ဆန်လှတဲ့ အလှကို ပိုင်ဆိုင်ထားပြီး ယဉ်ယဉ်ကလေးလှအောင် ဝတ်စားဆင်ယင်တတ်တာကြောင့် ပရိသတ်တွေက အချစ်ပိုနေခဲ့ရတဲ့ ပရိသတ်အချစ်တော်တစ်ယောက်ပါ။
ပရိသတ်တွေရဲ့ အားပေးမှုနဲ့အတူတူ သူမကို အိမ်ထောင်မပြုစေချင်ကြဘူးဆိုတဲ့ ဆန္ဒစကားသံတွေကိုကြားရတဲ့ ရွှေပိုးအိမ်ဟာ သူမအနေနဲ့ အိမ်ထောင်ရေးနဲ့ပတ်သက်ပြီး အခုလိုပဲ စဉ်းစားထားကြောင်း ပြောလာပါတယ်။ရွှေပိုးအိမ်က “ကိုယ့် ပရိသတ်တွေက cb မှာ ယောကျာ်းမယူပါနဲ့။
နှမြောလို့ပါ။ ဒီအတိုင်းလေးနေပါ အားပေးနေပါတယ်ဆိုပြီး စာတွေလာလာပို့ကြလွန်းလို့ ဒီကနေ ဖြေပေးလိုက်ပါတယ်။ အခုအချိန် အထိ အိမ်ထောင်ပြုဖို့ စိတ်ကူးမရှိသေးတာ အမှန်ပါ။ ငါ့လို မျောက်စိတ်နဲ့ အဆင်ပြေမှာမဟုတ်ဘူးဆိုပြီး တွေးရင်း တွေးရင်းနဲ့ အသက်၃၀ ပြည့်ခဲ့ပါပြီ။ အသက် ၃၄ လောက်ကျရင် အိမ်ထောင်ကျမယ်လို့တော့ ဗေဒင်တွေက ပြောကြတာပဲ သိပ်တော့လဲ မသေချာပါဘူးလေ…ရွှေပိုးအနေနဲ့ ယောကျာ်း တစ်ယောက်ကို အရမ်းချစ်ပြီး သူ့ကို ပိုင်ဆိုင်ချင်တဲ့ စိတ်အထိ ဖြစ်လာခဲ့ရင်တော့ လက်ထပ်ဖို့ကို စဉ်းစားမိမှာပါ” ဆိုပြီ ပြောလာခဲ့ပါတယ်။
MyanmCelebrit