ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ဂျိုးသိန်းဆေးပေါ့လိပ်ဘွားဘွားရဲ့ မြေးချွေးမဖြစ်သူ အလှမယ်ဟန်နီချိုက ခမ်းခမ်းနားနားမဟုတ်ဘဲ ရိုးရိုးရှင်းရှင်းမွေးနေ့ပွဲလေး ကျင်းပပေးသော်လည်း ဝေဖန်ခံရလို့ စိတ်မကောင်းကြောင်းအခုလိုပြန်လည် ပြောလာခဲ့ပါတယ်နော်။
အစကတော့ ဝီးရှယ်လေးနဲ့ထွက်လာရင် မြင်မကောင်းမှာဆိုးလို့ ထမ်းစင်လေးနဲ့ ထွက်လိုက်တာ၊ အပြောခံရမှာဆိုးလို့တောင် ပခုံးနဲ့မထမ်းဘူး၊
ပေါ့ပေါ့ပါးပါးပဲ သက်တောင့်သက်သက်သာသာပါပဲ၊ အဘွားလဲ ဝီးရှယ်စီးရတဲ့အတိုင်းပါပဲဆိုပြီး လုပ်ပေးဖြစ်တာ၊ အသက်(၉၀)အဘွားကထမ်းစင်နဲ့ထွက်လာတာကို အားကျတဲ့သူလည်းရှိတယ်။
ကောင်းပြောတဲ့သူလည်းရှိတယ်၊ အဘွားကိုပျော်ရွှင်စေချင်တယ်၊ကျန််းမာနေတဲ့ဘွားဘွားကိုပျော်ရွှင်စေချင်တဲ့စိတ်တစ်ခုနဲ့ပွဲလေးလုပ်ခဲ့တာပါ၊ ခမ်းခမ်းနားနားမဟုတ်ဘဲ ရိုးရိုးရှင်းရှင်းမွေးနေ့ပွဲလေး မိသားစုတွေပဲ ကျင်းပပေးတာလည်း ဝေဖန်ခံရလို့ စိတ်မကောင်းဘူးပေါ့ ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်။
MyanmCelebrit