မြန်မာဆယ်လီ

Branded ပစ္စည်းတွေကို သိန်းရာချီ အကုန်အကျခံပြီး တစ်ထိုင်တည်း ဝယ်ယူလိုက်တဲ့ သရုပ်ဆောင် ပိုးကြာဖြူခင်

သရုပ်ဆောင် ပိုးကြာဖြူခင်ကတော့ မိုးကောင်းကင်အိပ်မက်ဆိုတဲ့ ဇာတ်လမ်းတွဲက ဆိုင်းမိုင် ကာရိုက်တာနဲ့ အောင်မြင်မှုတွေ အကြီးအကျယ်ရရှိခဲ့တာပဲ ဖြစ်ပါတယ်။ အနုပညာသက်တမ်း (၁၀) နှစ်သက်တမ်းရှိတဲ့ ပိုးကြာဖြူခင်ဟာ အခုဆိုရင် အောင်မြင်တဲ့နေရာတစ်နေရာကိုရရှိနေပြီဖြစ်သလို ဝင်ငွေလည်းကောင်းမွန်တဲ့အနေအထားရှိတာပဲဖြစ်ပါတယ်။ အဲ့ဒါကြောင့် ပိုးကြာဖြူခင်က သူမအနေနဲ့ သမာအာဇီဝကျကျရှာဖွေထားတဲ့ ငွေကြေးတွေကို မိသားစုအတွက်အသုံးပြုသလို သူမရဲ့ကိုယ်ပိုင်ပျော်ရွှင်မှုအတွက်လည်း အသုံးချလေ့ရှိတာပဲဖြစ်ပါတယ်။ ပိုးကြာဖြူခင်က ဒီကနေ့မှာတော့ သူမအနေနဲ့ ငွေသိန်း (၃၀၀) ကျော်အသုံးချပြီး ကမ္ဘာကျော် Brand တွေကို ဝယ်ယူခဲ့ကြောင်း ပြောပြလာပါတယ်။ ပိုးကြာဖြူခင်က ပစ္စည်းမှာတိုင်း ချက်ချင်းတွေ ပြေးပြေးဝယ် ပြီး အမြန်ဆုံး ရောက်အောင်ပို့ပေးတဲ့တွက် ကျေးဇူးပါဟေဇယ်ရေ လောလောဆယ်တော့ မဟေဇယ်က ကျမကိုဈေးဝယ်ခွင့်တစ်လပိတ်တယ်တဲ့ တော်ပါတော့တဲ့ ကျေးဇူး ဆိုပြီး ရေးသားခဲ့သလို သူမကိုဝယ်ပေးတဲ့အဝယ်တော်က ပိုးကြာဖြူခင်အနေနဲ့ တစ်ပတ်အတွင်း သိန်း(၃၀၀) ဖိုး ပစ္စည်းတွေဝယ်ယူခဲ့တာကြောင့်လို့ ပြောခဲ့ပါတယ်။ပိုးကြာဖြူခင်ကတော့ အပူအပင်မရှိတဲ့ တစ်ကိုယ်တည်းသမားပီပီ သူမကိုယ်တိုင်ရှာဖွေထားတဲ့ ဝင်ငွေကို သူမစိတ်ကြိုက်သုံးစွဲနေတာပဲ ဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကတော့ အကောင်းဆုံးဆိုတာနဲ့ ထိုက်တန်တဲ့ မင်းသမီးလေးတစ်လက်ပါပဲနော်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *