အခုတစ်ခါမှာဆိုရင်တော့ သရုပ်ဆောင်ခိုင်နှင်းဝေက မသန်စွမ်းအမျိုးသမီးမှရလာတဲ့ ရက်(၂၀)သားအရွယ် သမီးလေးကို သွားရောက်ခေါ်ယူမွေးစားခဲ့တဲ့ အကြောင်းကိုအခုလိုပြန်လည် ပြောပြပေးသွားမှာပဲဖြစ်ပါတယ်နော်။အသက် (၃၂)နှစ်အရွယ် မိထူး(ခ)မခင်ထွန်းလင်းဟာ မွေးရာပါ လက်တစ်ဖက်အင်္ဂါချို့ယွင်းနေပြီး ထင်းခွေ, ပဲနုတ်စတဲ့ ကျပန်းအလုပ်များကို လုပ်ကိုင်ရင်း အသက်(၅၆)နှစ်အရွယ် အမျိုးသားနဲ့တွေ့ဆုံကာ ဘဝအတွက် အားကိုးရှာခဲ့သူ မိန်းမသားတစ်ယောက်ပါ။
ထိုအမျိုးသားက မိထူးကိုယ်ဝန်ရှိတဲ့ချိန်မှာ ကလေးအတွက် မွေးစရိတ်သွားရှာမယ်ဆိုပြီး ပြန်ရောက်မလာတဲ့နောက်ဆုံးမှာ မိမိနဲ့အတူနေရင် ကလေးဘဝ ရှေ့ရေးအတွက်မိခင်မေတ္တာအပြည့်နဲ့ ပူပန်မိတာမို့ သရုပ်ဆောင် ခိုင်နှင်းဝေရဲ့ဂေဟာကိုဆက်သွယ်ခဲ့တာပဲဖြစ်ပါတယ်။
ယနေ့ မတ်လ (၁၇)ရက်နေ့မှာတော့ သရုပ်ဆောင် ခိုင်နှင်းဝေကိုယ်တိုင် ဓနုဖြူမြို့ , အလယ်မြို့(ချောင်းဖျားရွာ)မှာရှိတဲ့ မိထူး(ခ)မခင်ထွန်းလင်းအိမ်မှာ ကလေးကို သွားရောက်ခေါ်ယူခဲ့ပြီး ကလေးမိခင်ရဲ့ကျန်းမာရေးနဲ့ လုပ်ကိုင်စားသောက်ဖို့ အရင်းအနှီး ငွေကျပ်( ငါးသိန်း)ကိုပါ ပေးအပ်ပေးခဲ့ပါတယ် ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်၊
MyanmCelebrit