မြန်မာဆယ်လီ

သူမကို နှိမ်ချပြီး အတင်းတုတ်တဲ့ ဘွားတော်ကို ပညားသားပါပါနဲ့ ပြောလာတဲ့ သရုပ်ဆောင် ထက်ထက်မိုးဦး

သရုပ်ဆောင်ထက်ထက်မိုးဦးက သူမကို နှိမ်ချပြီး အတင်းတုတ်တဲ့ ဘွားတော်ကိုအခုလို ပညားသားပါပါနဲ့ ပြောလာခဲ့ပါတယ်နော်။ သရုပ်ဆောင်ထက်ထက်မိုးဦးက လူကိုချိုးသလိုနိမ်သလိုလာဆက်ဆံတာရီချင်တယ်၊ ငိုချင်တာမဟုတ်ဖူး၊ မျက်လုံးထဲမှာမြင်ကြည့်လိုက်ကြစမ်းပါ၊ ကိုယ်တွေကဘယ်သူ့စိန်နားကပ်နဲ့မှပါးမပြောင်ခဲ့ဘူး၊ ငယ်ကထဲကနဖူးကချွေးခြေမထိကျအောင်ရှာစားလာခဲ့တာ၊ ကိုယ်ရှာတဲ့ပိုက်ဆံနဲ့ကိုယ့်စိတ်ကြိုက်လှူနိုင်တန်းနိုင်သုံးနိုင်ခဲ့တာ၊ မိဘနားလက်ဖြန့်တောင်းပြီးအပူကပ်ပီးကြီးပြင်းခဲ့တာမဟုတ်ဖူး၊ လာချိုးနိမ်ပြောရအောင်စားစရာမရှိလို့အလုပ်မရှိလို့သူ့ပတ်ဝန်းကျင်နားလာတယ်မှတ်နေလားမသိဘူး။လူဆိုတာလူမှု့ရေးရှိရမယ်၊ မိတ်ဆွေကောင်းတွေရှိရမယ်၊ ချမ်းသာတဲ့လူတွေကိုဖားစရာအကြောင်းမရှိသလိုဆင်းရဲတဲ့လူတွေကိုလဲနိမ်စရာမလိုဘူး၊ ကိုယ့်အစွမ်းအစနဲ့အလုပ်ကိုပဲအာရုံစိုက်ပြီးမှန်မှန်ကန်ကန်ကြိုးစားရုန်းကန်လာတာ၊ ရှေ့နောက်မစဉ်းစားပဲပြောကြေးဆိုငါလေအရင်လိုပါးချည်းပဲချပစ်ချင်တာအားရပါးရသိလား၊ ရှင်တို့တော့ဘယ်သူပါလိမ့်တွေးနေမှာမလား၊ မတွေးနဲ့ငယ်ငယ်ကကြည့်ဖူးတဲ့ကာတွန်းကားထဲကစုန်းမကြီးကိုပဲမြင်ယောင်လိုက်တော့နော်တပုံစံထဲပဲ ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *