သရုပ်ဆောင်ဖွေးဖွေးက ရွှေတောင်မြို့မှာ အလှူပွဲလေးပြုလုပ်တုန်းက အမှတ်တရဓာတ်ပုံလေးတွေကိုအခုလိုပြန်လည် ဝေမျှလာခဲ့ပါတယ်နော်။သရုပ်ဆောင်ဖွေးဖွေးက သို့၊ ရွှေတောင်မြို့၊
ကျေးဇူးအများကြီးတင်ပါတယ် ရှင်၊ ဖွေးကိုချစ်တဲ့ Darlings များအတွက် အလှူပုံလေး တွေတော့ အကုန်အစုံလဲ မရိုက်လိုက်ရလို့ နည်းနည်းပဲ အမှတ်တရတင်ပေးလိုက်ပါတယ်၊
အလှူလေးအထ မြောက်ဖို့ အဖက်ဖက်က ကူညီ ပေးကြတဲ့ ရွှေနတ်တောင် မှ ဘုန်းဘုန်းဘုရား တို့နှင့် ဂေါပက ဦးကျော်ကျော်ဝင်းနှင့် အဖွဲ့ဝင်များ၊ မုန့်ဟင်းခါး အိုးဘဲဥ လူ ၅၀၀- ၇၀၀ စာ အားပါးတရ ချက်ပြုတ်ပေးကြတဲ့ မမကြီးများ ၊
ရန်ကုန်က တကူးတက လိုက်လာပေးကြတဲ့ ချစ်သူငယ်ချင်း မိတ်ဆွေများ ဆွေမျိုးများ၊သေချာ မကြေငြာထားတာတောင် တခဲနက် ကြိတ်ကြိတ်တိုးစတုဒိသာ ကို လာရောက်အားပေးကုသိုလ်ပေးကြတဲ့ မိဘပြည်သူ အကိုအမ မောင်လေး ညီမလေးများ တယောက်မကျန် ကျေးဇူးတင် တန်ဖိုးထားပါတယ်ရှင်၊ နတ်လူ သာဓုခေါ်စေသောဝ်၊ ဒေစီပန်းဝတ်စုံ လေးကို Ko Nyein Ko ( Chic & chic) မှ မေတ္တာအပြည့်နှင့်ဖန်တီးပေးထားလို့ ကျေးဇူးတင်ပါတယ်ရှင် ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊
MyanmCelebrit