Cele News မြန်မာဆယ်လီ

အဖေဆုံးသွားတယ်ဆိုတာ အခုချိန်ထိ မယုံကြည်နိုင်သေးဘူးဆိုပြီး ဝမ်းနည်းစွာရင်ဖွင့်လာတဲ့ သားဖြစ်သူ စစ်နိုင်သီဟဦး

သရုပ်ဆောင်ကွက်တွေနဲ့အတူအမျိုးမျိုးသောဇာတ်ကောင်တွေမှာမတူညီတဲ့သရုပ်ဆောင်မှုများနဲ့အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာအပြည့်အဝရရှိထားပါတယ်နော်။ အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်သီဟတင်စိုးရဲ့ သားဖြစ်သူ စစ်နိုင်သီဟဦးက အဖေဆုံးသွားတယ်ဆိုတာ အခုချိန်ထိ မယုံကြည်နိုင်သေးဘူးဆိုပြီးအခုလို ဝမ်းနည်းစွာရင်ဖွင့်လာခဲ့ပါတယ်နော်။ သရုပ်ဆောင်သီဟတင်စိုးရဲ့ သားဖြစ်သူ စစ်နိုင်သီဟဦးကက အမေ မရှိတော့တဲ့ နောက်ပိုင်းမှာ အဖေက စိတ်ကျသလို ဖြစ်ပြီး အလုပ်တွေ မလုပ်ရတော့ဘူး၊ သားသမီးတွေကလည်း တကွဲတပြားစီ နေရတယ်၊ သူ့ညီတွေလည်း ဆုံးပါး သွားတယ် ဆိုတော့ စိတ်မကောင်း ဖြစ်ပြီး ရောဂါ ပိုဆိုးသွားတယ်၊ သူက ဖြစ်သလိုပဲနေတော့ အခုလိုဖြစ်သွားတာထင်တယ်၊ အဖေမရှိတော့တာကို အခုချိန်ထိမယုံနိုင်သေးဘူး၊ ဇာတ်ကားထဲကလို ပြန်ထလာမလားလို့ပဲ တွေးနေမိတယ် ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *