အကိုကြီးတွံတေးစိုးအောင် ကွယ်လွန်းသွားလို့ ဝမ်းနည်းကြောင်းရင်ဖွင့်ပြောပြလာတဲ့ အဆိုတော်မနော
ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့အဆိုတော်မနောက အကိုကြီးတွံတေးစိုးအောင် ကွယ်လွန်းသွားလို့ ဝမ်းနည်းကြောင်းရင်ဖွင့်ပြောပြလာခဲ့ပါတယ်နော်။
အဆိုတော်မနောက ဪ ကိုကြီးတွံတေးစိုးအောင်ရေ ကောင်းရာသုဂတိ
လားပါစေဗျာ၊ လူတိုင်းတစ်နေ့သေရမှာသိပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ချိန်မရွေးသေဆုံးနိုင်တာကိုတော့မေ့နေတတ်ကြတာပေါ့ဗျာ၊ ကျနော်ပြုသမျှ ကုသိုလ်ကောင်းမှုများအားလုံး ကိုကြီးတွံတေးစိုးအောင် သာဓုခေါ်နိုင်တဲ့ဘဝ ရောက်နေပါက သာဓုခေါ်ဆိုနိုင်ပါစေ ထပ်တူရပါစေဗျာ၊
ကိုကြီးသေဆုံးတာကို သိကြရသော တေးချစ်သူများ
ပြည်သူများက ဆုမွန်ကောင်းတောင်းပေးနေပေမည့်
ကိုကြီးရဲ့ သံသရာခရီးကို ကိုယ်တိုင်ပဲဖန်တီးထားတာဆိုတော့ စုတိပြီးနောက် ပဋိသန္ဓေတည်ပြီး ဘဝသစ်ရနေပြီပေါ့လေ ရောက်လေရာဘဝမှာ အဆင်ပြေအေးချမ်းပါစေ ဆုတောင်းမေတ္တာပို့သပါတယ်ဗျာ ။
ကျနော်တို့လည်းလူသားတွေမို့ အို နာ သေဘေးပြေးမလွတ်ဘူးပေါ့၊ ဒါကြောင့် မိမိတို့သည်အကြောင်းအမျိုးမျိုးနှင့် မသေဆုံးသေးခင် တရားထူးရရှိအောင် နေ့စဉ်တရားနာ တရားမှတ်ပြီး သူ့သဘော သဘာဝ အတိုင်း ဖြစ်ပြီး ပျက်နေတဲ့ သဘာဝတရားတွေကို ကိုယ်တိုင်သိ မြင်နိုင်ဖို့ ဝိပဿနာ တရားနေ့စဉ်အားထုတ်ကြရမယ်ပေါ့ခင်ဗျာ၊ အားလုံး သံသရာ ဝဋ်ဆင်းရဲမှလွတ်ကင်းနိုင်ကြပါစေ၊ လေးစားစွာဖြင့် မနော ဆိုပြီးတော့သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
ကူးယူဖော်ပြခွင့်မပြု !!!!!!!!!
Zawgyi version