Cele News မြန်မာဆယ်လီ

တီးဝိုင်းအဖွဲ့ကို ငှားပြီး ပိုက်ဆံမပေးတဲ့ လူကြမ်းသရုပ်ဆောင်နိုင်လူရဲ့ ဆိုင်အကြောင်းကို ပြောပြလာတဲ့ The Endless တီးဝိုင်းအဖွဲ့

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ The Endlessတီးဝိုင်းအဖွဲ့က တီးဝိုင်းအဖွဲ့ကို ငှားပြီး ပိုက်ဆံမပေးတဲ့ လူကြမ်းသရုပ်ဆောင်နိုင်လူရဲ့ ဆိုင်အကြောင်းကိုအခုလိုပြန်လည် ပြောပြလာခဲ့ပါတယ်နော်။ The Endlessတီးဝိုင်းအဖွဲ့က Attention pls ၊ ဆုံမှတ်Js1 ( လူကြမ်းနိုင်လူဆိုင် ) Unplug ကိစ္စလေး ပြောပြချင်ပါတယ်၊ ကျွန်တော် တို့ Music Band ကို ပထမတစ်ရက် rehearsal လာလုပ်ဆိုပြီးခေါ်ပါတယ်၊ ပြီးတော့ အာ့နေ့ပဲညီလေးတို့ တစ်ခါတည်းဝင်လိုက်တော့ဆိုလို့ အာ့နေ့တစ်ခါတည်းဝင်ပေးလိုက်ရပါတယ်၊ နေ့ခင်း(3)နာရီကနေ ည (10:30)ထိပါ၊ အာ့နေ့က ကျွန်တော်တို့ တစ်ပြားမှမရပါ၊ မရတဲ့အပြင် ကျွန်တော် တို့ band စားတာ သောက် တွေပါ ရှင်းပေးခဲ့ရပါတယ်။အာ့တာ နဲ့ နောက်နေ့ကြ နိုင်လူ ဖုန်း တွေ ခဏ ခဏ ဆက်လို့ အာ့နေ့သွားခဲ့ပါတယ်၊ ကျွန်တော်တို့ကိုတစ်ပြားမှမပေးတဲ့အပြင်ဧည့်သည်ကသီချင်း တောင်းတာတွေ tip money ပေးတာတွေထဲကပါ 20% ဖျက်ပါတယ်၊ ပြီးတော့မူးပြီးစင်ပေါ်မာကျွန်တော်က ဒီကလေးတွေကိုမြေထောင်မြှောက်ပေးမာဘာညာဆိုပြီး သူ့ကို ကျေးဇူးတင်ကြောင်းကိုအတင်ကြပ်ပြောခိုင်းပါတယ်။ပြီးတော့အောက်ကနေသီချင်းတတ်ဆိုရင်လဲ ကျွန်တော်တို့တီးပေးရပါတယ်၊ But ကျွန်တော်တို့ တစ်ပြားမှ မရပါဘူး၊ အာ့တာကြောင့်တစ်ခြား band တွေလဲကျွန်တော်တို့လိုမဖြစ်အောင်တင်ပေးတာပါ၊ အာ့တော့ ကျွန်တော်ပြောချင်တာကအနုပညာကို ဘန်းပြပြီးလုပ်စားတဲ့ နိုင်လူဆိုင် ကျွန်တော်တို့ကိုဧည့်သည်တွေရှေ့မာတစ်မျိုး၊ အနောက်မာတစ်မျိုး ပြောတာမို့လို့ အာ့ဆိုင်မသွားကြဖို့ပြောချင်ပါတယ် ဆိုပြီးတော့ ရေးသားဖော်ပြထားပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *