Cele News မြန်မာဆယ်လီ

ကြိုက်တဲ့သူတော့တွေ့တယ် ဒါပေမယ့်မိန်းမမယူဘူးဆိုတဲ့ဖြိုးမြတ်အောင်

Myanmar Idol အစီအစီ winner တစ်ယောက်ဖြစ်တဲ့ ဖြိုးမြတ်အောင်ဟာ ပရိတ်သတ်ရဲ့အားပေးမှု့ကိုတစ်ခဲနက်ရရှိထားပြီး လတ်တလော သီချင်းဆိုတာအပြင် ရွှေဆိုင်ကြေငြာရိုက်ကူးခြင်း၊ကုန်ပစ္စည်းမိတ်ဆက်ပွဲတွေတက်ရောက်ရင်း အနုပညာအလုပ်ကိုတစိုက်မတ်မတ် လုပ်ကိုင်နေတာပဲဖြစ်ပါတယ်။

ဖြိုးမြတ်အောင်အနုပညာအလုပ်မှ ရရှိလာတဲ့ဝင်ငွေတွေကို အမကြီးဆီအပ်ထားပြီး သူ့ကိုချစ်ကိုလက်ဆောင်ပေးထားတဲ့ ရတနာတွေကိုတော့ ရွှေကိုစုဆောင်းထားပြီး စိန်ထည်တွေကိုတော့ ပုရားတည်တဲ့အခါထည့်သွင်းလှုဒါန်းသွားမယ်လို့ပြောခဲ့ပါတယ်။

အချစ်ရေးနဲ့ပက်သက်ပြီး ဖြိုးမြတ်အောင်က ကျွန်တော် မိန်းမယူဖြစ်မှာမဟူတ်ဘူး။ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော့်မှာ ရည်မှန်းချက်တစ်ခုရှိတဲ့အတွက် သူများသားသမီးကို ဒုက္ခမပေးချင်ဘူး။ကြိုက်တဲ့သူတော့တွေ့တယ်။ကျွန်တော့ညီကိုတော့ မိန်းမပေးစားမယ်လို့ ပြောပြခဲ့ပါတယ်။

ကျွန်တော်က ကျွန်တော်သေရင် နာမည်ကျန်ခဲ့ချင်တယ် အဲ့ဒါကြောင့်ကြိုးစားဦးမယ်။ပြီးတော့ သေခြင်းတရားကဘယ်တော့လာမလဲမသိတဲ့အတွက် ဒီတဘဝထဲနဲ့သံသရာကလွတ်ချင်ပြီလို့ပြောပြခဲ့ပါတယ်။

ပရိတ်သတ်ကြီးကလဲ အဆိုတော်ဖြိုးမြတ်အောင်ဘာလို့မိန်းမမယူဘူးလဲဆိုတာာသိသွားလောက်မယ်ထင်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *