ရန်ကုန်မြို့တစ်ဖက်ကမ်းသန်လျင်မှာ သုဘရာဇာအလုပ်ကိုလုပ်ကိုင်နေတဲ့ အသက်၆၈နှစ်အရွယ် အဖွားဒေါ်ခင်သန်းဦးရှိပါတယ်။အဖွားမှာ မြေး၂၃ယောက်ရှိပြီး သုသာန်မှာဘဲ အတူတူနေထိုင်ကြပါတယ်။
အဖွားဟာ ခင်ပွန်းဖြစ်သူအသက်၁၉နှစ်အရွယ်အိမ်ထောင်ကျစဥ်မှစပြီး ဒီအလုပ်ကိုလုပ်ကိုင်ခဲ့တာဖြစ်ပါတယ်။ယခုဆိုလျင် အနှစ် ၄၀ကျော် ၅၀နားရောက်လာပြီဖြစ်ပါတယ်။လက်ရှိမြေး၂၃ယောက်မှာ ၁၈ယောက်က မိဘတွေမရှိတော့ပါဘူး။ကျောင်းသား၆ယောက်လဲရှိပါတယ်။အားလုံးကိုအဖိုးနဲ့အဖွားကဘဲ တာဝန်ယူထားရတာဖြစ်ပါတယ်။
သုဘရာဇာအလုပ်ကနေ့တိုင်းတော့မရှိပါဘူ။း တစ်ခါတလေငါးရက်ခြား တခါတလေ တပါတ်လောက်မှအလုပ်ရတာပါ။အလုပ်ရှိတဲ့ရက်များမှာတော့ ကလေးတွေကိုကြက်သားလေးဝယ်ကျွေးလို့ရပါတယ်။ကလေးကများတော့ ၂ကောင်ချက်ရပါတယ်။အလုပ်မရှိရင်တော့ ငါးပိထောင်းဗူးလေးတွေနဲ့ စားကြရပါတယ်။
အဖွားက အဖွားကိုသုဘရာဇာလို့ခေါ်ခေါ် စန္ဒာလလို့ခေါ်ခေါ်စိတ်မဆိုးပါဘူး အဖွားမြေးလေးတွေကို ကောင်းကောင်းမွန်မွန်ထားနိုင်ရင်တော်ပါပြီလို့ ပြောပြခဲ့ပါတယ်။