ကွယ်လွန်သွားတဲ့ သူငယ်ချင်းဖြစ်သူ မော့စ်ကို အများကြီးကူညီဖူးတဲ့အကြောင်းပြောလာတဲ့ သရုပ်ဆောင်မိုးဒီ
သရုပ်ဆောင်မိုးဒီကတော့အမိုက်စားသရုပ်ဆောင်ကွက်တွေနဲ့အတူအမျိုးမျိုးသောဇာတ်ကောင်တွေမှာမတူညီတဲ့သရုပ်ဆောင်မှုများနဲ့အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်ပရိတ်သတ်ကြီးတွေရဲ့ချစ်ခင်အားပေးမှုကိုအခိုင်အမာအပြည့်အဝရရှိထားပါတယ်နော်။
အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်မိုးဒီက ကွယ်လွန်သွားတဲ့ သူငယ်ချင်းဖြစ်သူ မော့စ်ကို အများကြီးကူညီဖူးတဲ့အကြောင်းအခုလိုပြန်လည် ပြောလာခဲ့ပါတယ်နော်။
သရုပ်ဆောင်မိုးဒီက မော့စ်က တောသားဆိုတော့ တောဓလေ့ထုံးစံအတိုင်း အပိုဖြုန်းတီးတာမရှိဘူး၊ သူညကြေးကလို့ရတဲ့ပိုက်ဆံကို စုဘူးထဲအကုန်ထည့်ပြီး ထမင်းကိုဖြစ်သလိုစားတာ၊ ကျွန်တော်ကတော့ သားသမီးတွေအပြင် ယောက္ခမနဲ့ မိန်းမရဲ့အမျိုးတွေကိုပါ တာဝန်ယူထားရတော့ မစုဆောင်းနိုင်ခဲ့ဘူး၊ မော့စ်အိမ်ဝယ်မယ်ပြောတော့ မိန်းမရဲ့လက်ကောက် (၆)ကွင်းရောင်းပြီး ပိုက်ဆံချေးပေးခဲ့ဖူးတယ် ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
ကူးယူဖော်ပြခွင့်မပြု !
Zawgyi version