စကပ်အလယ်ကွဲကြီးနဲ့ ပွဲတက်အမှတရဓာတ်ပုံလေးတွေကို ပြန်လည်ဝေမျှလာတဲ့ သရုပ်ဆောင်ဝတ်မှုံရွှေရည်
ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့ ပရိတ်သတ်ကြီးများအတွက် သရုပ်ဆောင်ဝတ်မှုံရွှေရည်က စကပ်အလယ်ကွဲကြီးနဲ့ ပွဲတက်အမှတရဓာတ်ပုံလေးတွေကိုအခုလို ပြန်လည်ဝေမျှလာခဲ့ပါတယ်နော်။
သရုပ်ဆောင်ဝတ်မှုံရွှေရည်က Asian Creative Academy Award Gala Night လေးကိုတက်ရောက်ရတဲ့အတွက် ဂုဏ်ယူမိပါတယ်၊ အခုလို နိုင်ငံတကာနဲ့ရင်ဘောင်တန်းပြီး မြန်မာနိုင်ငံက ရုပ်ရှင်ကား နဲ့ အနုပညာရှင်တွေကို ဆုရွေးချယ်ပေးအပ်ခဲ့တဲ့အတွက်လည်း အရမ်းပျော်မိပါတယ်၊ ဒီပွဲမှာ ကစ်တို့ ရဲ့ လိပ်ပြာစံအိမ် The Only Mom ကားက Regional အဆင့်မှာ ဆု 6 ဆု ရရှိခဲ့တယ်။
Gala Night မှာ သမီးလေးပြည့်ပြည့် ကတော့ Best Supporting Actress Role ကို ထပ်မံရရှိခဲ့ပါတယ်၊ အမှတ်တရကတော့ ဒီဇာတ်ကား မှာ သမီးရင်းခြားလို သရုပ်ဆောင်ခဲ့တဲ့ ပြည့်ပြည့်လေးအတွက် ဆုကို ကစ်က Stage ပေါ်ကနေ ဖွင့်ဖောက်ကြော်ငြာပေးခဲ့ရ ခြင်းပါပဲ၊ Congratulation again ပါ သမီးလေးပြည့်ပြည့် ရေ ၊ ပွဲရဲ့အဆုံးသတ်လေးမှာတော့ ကစ်တို့ Asian တဝှမ်းက အနုပညာရှင် တွေအ ချင်းချင်းရင်းနှီး စွာနဲ့ After Party လေးနဲ့အဆုံးသတ်ခဲ့ ကြပါတယ် ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
ကူးယူဖော်ပြခွင့်မပြု !!!!!!!!!
Zawgyi version