သရုပ်ဆောင်နန်းမြတ်ဖြိုးသင်းက နန်းမြတ်တော်ရုံဆိုဒီလိုအတင်းအဖျင်းpageတွေကိုအဖတ်လုပ်လေ့မရှိပါဘူး၊ ဒီတခုကတော့ဂုဏ်သိက္ခာကိုစော်ကားပီး
အောက်တန်းကျတဲ့အဆင့်ကိုရောက်နေလို့ပြောမှဖြစ်မယ်ထင်လို့ပြောတာပါ၊ မပြောပဲငြိမ်နေရင်အမှားကအမှန်ထင်နေကြမှာစိုးလို့ပါ
၊
ဒီလိုမေးခွန်းမျိုးကိုဘယ်မီဒီယာကမှလဲမမေးသလို နန်းမြတ်လဲဘယ်တုန်းကမှမပြောပါဘူး။လူတစ်ယောက်ကိုအဲ့လိုစော်ကားချင်တိုင်းစော်ကားတာကတော့အဆင့်နိမ့်ကျလွန်းပါတယ်၊ Click-bait တွေကဝင်ဖတ်တဲ့သူများရင်ပိုက်ဆံရတယ်ဆိုတာနားလည်တယ်၊
ဒါပေမယ့်ခုလိုအောက်တန်းကျတဲ့ခေါင်းစဉ်နဲ့စီးပွါးရှာတာကတော့လက်ခံစရာအကြောင်းမရှိပါဘူး၊ သည်းခံတာအတိုင်းအတာရှိပါတယ် ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊
MyanmCelebrit