Cele News မြန်မာဆယ်လီ

သူမကို ဘယ်သူ့မှ ပိုက်ဆံလာမချေးကြဖို့ ပြတ်ပြတ်သားသား ဒဲ့ပြောလိုက်တဲ့ ဇာတ်ပို့သရုပ်ဆောင် အိတုံ

ဇာတ်ပို့သရုပ်ဆောင်အိတုံက ပိုက်ဆံ လာမချေးကြပါနဲ့နော်၊ ဘာအကြောင်းကြောင့်နဲ့မှမချေးပေးပါဘူး၊ ကိုယ်ကိုယ်တိုင်လဲကိုယ့်ဝင်ငွေနဲ့ထွက်ငွေကိုသေချာစီစစ်ပြီး အပိုလိုမရှိ ကွက်တိသုံးပါတယ်၊ ငွေရှိတိုင်းလဲ ထင်သလိုမသုံးပါဘူး၊ သုံးသင့်တာကိုသုံးတယ်၊ စုသင့်တာကိုစုပါတယ်၊

လူတိုင်းသုံးတတ်ပါတယ်၊ ဝယ်တတ်ပါတယ်၊ စားတတ်ပါတယ်၊ ဒါပေမဲ့ကိုယ့်အတိုင်းတာနဲ့ကိုယ် လုံလောက်အောင်သုံးပါတယ်၊ တစ်ထောင်ဝင်ပြီးနှစ်ထောင်မသုံးပါဘူး။ကိုယ်တိုင်လဲသိတတ်ထဲက ကိုယ့်မိသားစုတွက် ကိုယ်ရုန်းခဲ့ရတာမို့ ပိုက်ဆံကို

တန်ဖိုးထားပါတယ်၊ ခုချိန်ထိ အပြင်လူမပြောနဲ့ မိသားစုထဲမှာတောင် ကိုယ်တိုင်မချေးမိအောင်နေပါတယ်၊ ကိုယ်လိုရင်မငြီးမငြူးပေးမဲ့ညီအမတွေရှိတာတောင် မလိုအပ်ဘဲမယူခဲ့ဘူး၊

ကိုယ်တိုင်လဲအခက်ခဲဖြစ်ခဲ့ဖူးတယ်၊ လက်ထဲပိုက်ဆံထောင်ဂဏ္ဌန်းလောက်နဲ့ သုံးစရာမရှိတာတောင်ဟန်မပျက်နေခဲ့ရဖူးတယ်၊ တော်တော်များများချေးပေးခဲ့ဖူးတယ်၊ ယူတဲ့ချိန်လွယ်ကူသလောက်ပြန်တောင်းတဲ့ခါ ကိုယ့်ပိုက်ဆံနဲ့ကိုယ်အရှက်ရလောက်အောင် ခံခဲ့ရဖူးတယ်။ပြောပြလာတာဖစ်ပါတယ်။
MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *