Cele News မြန်မာဆယ်လီ

တစ်ပွဲ(၁၅၀၀) နဲ့ရောင်းချမယ့် မြေအိုးဇလုံထမင်းဆိုင်လေးကို စမ်းချောင်းမြို့နယ်မှာပဲ ဖွင့်လှစ်ခဲ့တဲ့ မိတ်ကပ် ညီညီမောင် (စမ်းချောင်း)

နိုင်ငံကျော်မိတ်ကပ်ပညာရှင်တစ်ယောက်ဖြစ်တဲ့ ညီညီမောင် (စမ်းချောင်း) ဟာ အခုဆိုရင် သူ့ရဲ့

ဝါသနာကြောင့်လုပ်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းအသေးလေးတစ်ခုကို စတင်ခဲ့ပြီပဲဖြစ်ပါတယ်။ ညီညီမောင် (စမ်းချောင်း) က “ရွှေစမ်းချောင်း.. မြေ

အိုးဇလုံထမင်းဆိုင်လေးမှာလာရောက်အားပေးသုံးဆောင်နိုင်ပါပြီရှင်။ တပွဲ မှ ၁၅၀၀ တန်မှတန် မနက် ၉နာရီကျော်ကျော် ဆီုဖွင့်ပြီ ၁နာရီကျော်ဆိုကုန်ပြီ😬 စီးပွါးဖြစ်ထက် ဝါသနာပါလို့ လုပ်တာပါနော်။ ချစ်တဲ့သူတွေလာရောက်

သုံးဆောင်နိုင်ပါပြီ။ အလှူပွဲများအတွက်လည်အော်ဒါလက်ခံပါတယ်နော် 😘” ဆိုပြီး သူကိုယ်တိုင်ရောင်းချမယ့် (၁၅၀၀) တန် မြေအိုးဇလုံထမင်းဆိုင်လေးအကြောင်း ဖေ့စ်ဘုတ်စာမျက်နှာမှာ အသိပေးလာပါတယ်။ညီညီမောင် (စမ်းချောင်း) ကတော့ စီးပွားရေးအတွက်မဟုတ်ပဲ သူ့ရဲ့ဝါသနာကြောင့် တစ်ပွဲ(၁၅၀၀) နဲ့ရောင်းချမယ့် မြေအိုးဇလုံထမင်းဆိုင်လေးကို သူချစ်တဲ့ စမ်းချောင်းမြို့နယ်မှာပဲ ဖွင့်လှစ်ခဲ့တာပဲ ဖြစ်ပါတယ်။ ညီညီမောင် (စမ်းချောင်း) ရဲ့ ဆိုင်လေး နေ့စဉ်နေ့တိုင်းရောင်းကောင်းပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *