ဆုံးပါးသွားတဲ့ ဖခင်ဖြစ်သူအကြောင်း ဝမ်းနည်းစွာရင်ဖွင့်လာတဲ့ သရုပ်ဆောင်ပိုးကြာဖြူခင်
သရုပ်ဆောင်ပိုးကြာဖြူခင်ကတော့အပီပြင်ဆုံးသရုပ်ဆောင်ချက်တွေနဲ့အတူကျရာဇာတ်ကောင်တွေမှာအပီပြင်ဆုံး၊အကောင်းဆုံးသရုပ်ဆောင်ပြနိုင်ခဲ့တဲ့အတွက်ကြောင့်ပရိတ်သတ်ကြီးတွေရဲ့အားပေးမှုကိုအခိုင်အမာအပြည့်အဝရရှိထားပါတယ်နော်။
အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်ပိုးကြာဖြူခင်က ဆုံးပါးသွားတဲ့ ဖခင်ဖြစ်သူအကြောင်း ဝမ်းနည်းစွာအခုလိုပြန်လည် ရင်ဖွင့်လာခဲ့ပါတယ်နော်။
သရုပ်ဆောင်ပိုးကြာဖြူခင်က ဖေဖေ ဆုံးသွားတာ (၂) နှစ် ရှိပါပြီ၊ မိုးကောင်းကင် အိပ်မက် ဇာတ်လမ်းတွဲ လွှင့်တဲ့ နောက်ဆုံးနေ့မှာ ဆုံးသွားခဲ့တယ်၊ ဖေဖေ က အနုပညာ အလုပ်တွေ ကို အရမ်း အားပေးတယ်၊ ပျော်ပျော်နေတတ်ပြီး စိတ်ညစ်စရာ သိပ်မတွေးတတ်ဘူး၊ ကျောက်ကပ် ရောဂါ ခံစားနေရတဲ့ (၁၀) နှစ် အတွင်းမှာ မိသားစု အားလုံးက အကောင်းဆုံး ပြုစုပေးနိုင်ခဲ့တယ် ဆိုပြီးတော့ပြောပြလာခဲ့ပါတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
ကူးယူဖော်ပြခွင့်မပြု !!
Zawgyi Version