အဆိုတော် လွှမ်းပိုင်းနဲ့ တရားဝင်လမ်းခွဲလိုက်ကြောင်း ဝမ်းနည်းစွာ အသိပေးလာတဲ့ Bobby Soxer
ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့Bobby Soxerက အဆိုတော် လွှမ်းပိုင်းနဲ့ တရားဝင်လမ်းခွဲလိုက်ကြောင်း ဝမ်းနည်းစွာအခုလို အသိပေးလာခဲ့ပါတယ်နော်။
Bobby Soxerက ထက် တို့အသိပေးကြေငြာစရာလေး၁ခုရှိလို့ပါ၊ ထက် နဲ့ ကိုလွှမ်းပိုင်တို့ ၂ဦးသဘောတူလမ်းခွဲလိုက်ပြီဆိုတဲ့အကြောင်းလေး ပြောပြချင်လို့ပါ၊ ထွေထွေထူးထူးပြဿနာမျိုးတွေထက် ဘဝရဲ့ဦးစားပေးရတဲ့အရာတွေရွေးချယ်ရမဲ့အချိန်မှာ အဖြေတွေမတူခဲ့လို့ ပါလို့ပဲ ရှင်းပြပါရစေ၊ ဘယ်သူဘက်ကမှ မှန်တယ် မှားတယ်ဆိုတဲ့ အကြောင်းရင်းတွေလည်း မရှိတာမို့လို့ လည်း တကယ်ကို ၁ယောက်အပေါ်၁ယောက်အမုန်းတရားမရှိတဲ့ လမ်းခွဲမှု၁ခုပါ ။
၁ခုပဲတောင်းဆိုချငိတာကလေ အခုချိန်အားလုံးမှာလည်း အခက်ခဲကိုယ်စီ ပူဆွေးမှုကိုယ်စီမို့ ဒီကိစ္စကို အကျယ်အကျယ်တွေမချဲ့ဖို့လေးပါပဲ သာမာန်အတွဲတွေလိုပဲ ကြိုးစားဖြတ်သန်းနေရင်းကွဲကွာသွားကြတယ်လို့ပဲ မြင်ပေးစေချင်ပါတယ်၊ တကယ်အလေးအနက်ပြောတာပါနော် အထူးသဖြင့် ထင်ရာကောက်ချက်ချပြီးလိုရာဆွဲရေးတဲ့ သို့လောသို့လောသတင်းတွေကြောင့် မလိုအပ်ပဲ ၁ယောက် အပေါ် ၁ယောက် ထိခိုက်နစ်နာစေလိုစိတ်မရှိတာမို့ ချဲ့ကားမရေးပဲ ဒီတိုင်းလေးပဲ အသိပေးတဲ့စာလေးလို့ပဲ မြင်ပေးပါနော် ။
ထက်တို့တောင်းဆိုတာလေးကို နားလည်ပေးနိုင်မယ်လို့လည်းမျှော်လင့်ပါတယ် နော် ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
ကူးယူဖော်ပြခွင့်မပြု !!!!!!!!!
Zawgyi version of