အဆိုတော်မနောက ကျနော် နတ်ရေကန်ရွာမှာ နေတုန်းက တတိယတန်းကျောင်းသားဘဝ အသက်ဆယ်နှစ်ခန့်ပေါ့ဗျာ၊ စာမေးပွဲဖြေသည့်ရက်မှာ တအားဖျားတယ်
၊ အိမ်ကနေခြေလျင်လာဖြေရတာပေါ့၊ ကျနော့် အိမ်က ဘယ်သူမှကျောင်းလိုက်မပို့နိုင်ဘူး၊ စား ဝတ် နေရေးအတွက်တစ်နေ့လုပ် တစ်နေ့စားဘဝတွေ အတွက်ကတော့ ဖျားတာ နာတာဟာ သာမန်လိုဖြစ်နေတာပေါ့ ။
လမ်းကိုမလျှောက်နိုင်တော့ဘူး၊ အဲဒီအချိန် ယခုပုံထဲက ဒေါ်ကြီးအိမ်ရှေ့ခုံလေးပေါ်မှာ နားရင်းအဖျားတက်ပြီးအိပ်ပျော်သွားတာလားကိုမသိလိုက်ပါဘူး၊ ပြန်နိုးလို့ ကြည့်လိုက်မှ ဒေါ်ကြီးတို့အိမ်ထဲ ကုတင်ပေါ်မှာဆနွင်းမှိုင်းခံပေးထားပြီး စောင်ခြုံကြီးနဲ့ဖြစ်နေတော့မှ ငါဘယ်ရောက်နေတာပါလိမ့်ဆိုပြီး ကြောင်တောင်တောင်ဖြစ်နေတာပေါ့။အဲဒီတော့မှ ဒေါ်ကြီးက ငါ့တူတအားအဖျားတက်နေလို့တဲ့၊ သနားလို့စေတနာဖြင့် ကုပေးထားတာ သိရတယ်၊ အထူးကျေးဇူးတင်ပါတယ်ခင်ဗျာ၊
ဖြူစင်သောစေတနာ မေတ္တာကို အလေးထားပြီး လက်ဆယ်ဖြာ ထိပ်မှာမိုးလို့ ရှိခိုးကန်တော့ခဲ့ပါတယ်၊ကျနော့်တို့ ဒီဘဝမှာတင်ပဲ မိမိကဆပ်စရာရှိသောကျေးဇူးတရားများကို သိသမျှ မြင်သမျှ ပြန်ဆက်သင့်ပါတယ်။
MyanmCelebrit