နောက်ထပ် ကိုယ်ဝန်ရှိတာ နှစ်လကျော်သွားပြီကြောင်း သတင်းကောင်းလေးပြောလာတဲ့ အဆိုတော်ချမ်းချမ်း
ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့အဆိုတော်ချမ်းချမ်းက နောက်ထပ် ကိုယ်ဝန်ရှိတာ နှစ်လကျော်သွားပြီကြောင်းအခုလို သတင်းကောင်းလေးပြောပြလာခဲ့ပါတယ်နော်။
အဆိုတော်ချမ်းချမ်းက မေမေဗိုက် ချဉ်ခြင်းတက်တာ အထူးအဆန်းတော့မဟုတ်ပါဘူး၊ ကိုယ်ဝန် ၂လကျော် ရှိပီမို့ အကုန်စားချင်နေတော့နာ၊ အထူးသဖြင့် အာရှ အစားအစာတွေပေါ့နော်၊ ဒါပေမဲ့ကိုယ်စားချင်တာလေးက လွယ်လွယ်ကူကူရှာမရတော့ စိတ်မကောင်းဖြစ်မိတယ်၊ ဒီခေါက်ဆွဲလေးတထုပ်စားရဖို့ မနည်းရှာရတယ်၊ အမျိုးသားက ဘာစားချင်လဲလို့မေးတော့အားလဲနာ၊ ဒါပေမဲ့စားချင်နေတာ တော်တော်ကြာပီ၊ လူကြုံလဲ မှာရတာ အားနာတာနဲ့ မှာပေးပါလားလို့မေးတော့ Amazon ကနေဝယ်ပေးရှာတယ်။
အရင်ကဆို ရန်ကုန်အိမ်လမ်းထိပ်မှာ တထုပ် ၂၀၀ပေးဝယ်စားရတာ အခုတော့ တိုင်တွေပတ်လို့၊ 1ထုပ်ကို တပတ်တကြိမ်စားပေါ့မိန်းမရယ်တဲ့၊ ပစ္စည်းကရှာရခက်လို့တဲ့ ငိုရမလိုရီရမလိုနဲ့ စောဒကလဲ မတက်ရဲပါဘူး၊ အလုအယက်ဝယ်ရတာ ပစ္စည်းပြတ်သွားလို့နောက်တကြီမ်ဘယ်တောါမှပြန်ဝယ်လို့ရမယ်မသိ၊ ဒါတောင် ၈ထုပ်ပဲရလိုက်တယ် ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
ကူးယူဖော်ပြခွင့်မပြု !!!!!!!!!
Zawgyi version