Cele News မြန်မာဆယ်လီ

ကွယ်လွန်သွားချိန်မှာ ကျန်ရစ်တဲ့ ပိုင်ဆိုင်မှု့တွေ ကို ကျောက်ကပ် အစားထိုးကုသမှု့လိုအပ်သူတွေကိုလှူတန်းသွားမယ်ဆိုတဲ့ ဂျွန်လွင်

အကြင်နာတရားထွန်းကားရေးဆိုပြီး လူမှုကူညီရေးလုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ ဂျွန်လွင်ဟာ ဒီကနေ့ ခရစ္စမတ်နေ့မှာတော့ သူ့ဘဝရဲ့ အရေးကြီးတဲ့ဆုံးဖြတ်ချက်တစ်ခုကို ချခဲ့ကြောင်း အခုလိုပဲ ပြောပြလာခဲ့ပါတယ်။ ဂျွန်လွင်က “ဒီနေ့christmas နေ့မှာ ဆုံးဖြတ်ချက် တခုချပါတယ်။ တနေ့ကျွန်တော်ဒီလောက ကြီးမှာ မရှိတော့တဲ့တနေ့မှာ ကျွန်တော်ပိုင်ဆိုင်မှု့တွေ ကို ကျောက်ကပ် အစားထိုးကုသမှု့ လိုအပ်သူတွေကိုလှူတန်းသွားပါမယ်။လူတိုင်းအသက်ရှင်ချင်ကြတာပဲ။ ပိုက်ဆံမရှိလို့ကျောက်ကပ်မလဲ နိင်သူတွေကို အသက်ကယ်လုပ်နိင်ရန် ဆောင်ရွက်ဖို့ ကျွန်တော်ဆုံးဖြတ်ချက်ချပါတယ်။ အကောင်အထည်လဲဖေါ်နိင်မယ်ထင်ပါတယ်။ ဘုရားသခင်ထံအပ်နှံပါတယ်” ဆိုပြီး သူ့ရဲ့ ဆုံးဖြတ်ချက်တစ်ခုကို ပြောလာခဲ့ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *