ဟန်ဆောင်ထားတာ တစ်ခုမှမပါပဲ အရှိကိုအရှိတိုင်းနေထိုင်ရတာဟာ လွတ်လပ်ပေါ့ပါးတဲ့အကြောင်းပြောလာတဲ့ သရုပ်ဆောင်ဥက္ကာမင်းမောင်
ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ်ဆောင်ဥက္ကာမင်းမောင်က ဟန်ဆောင်ထားတာ တစ်ခုမှမပါပဲ အရှိကိုအရှိတိုင်းနေထိုင်ရတာဟာ လွတ်လပ်ပေါ့ပါးတဲ့အကြောင်းကိုအခုလို ပြောလာခဲ့ပါတယ်နော်။
သရုပ်ဆောင်ဥက္ကာမင်းမောင်က ဥက္ကာမင်းမောင် က အခြောက်လား ဆိုတဲ့ မေးခွန်းမျိုး comment မှာခုထိတွေ့တုန်း၊ ငှယ် ဆွံ့အ၊ တနိုင်ငံလုံးကို Gay ပါလို့ဝန်ခံထားတာတောင် 2018 June ထဲက ကျွန်တော်နဲ့ Chrissy ရဲ့ Video တွေထဲမှာ ကျွန်တော့်စကားပြောသံက ဘယ်လိုဖြစ်တယ်၊ လူပုံစံက ဘယ်လိုဖြစ်နေတယ်တို့ Comment ရေးကြတယ်၊ အဲ့ဒါ အပြင်မှာ သူငယ်ချင်းတွေနဲ့တွေ့ရင် ပြောတဲ့ဆိုတဲ့ အတိုင်းပဲ။
ကျွန်တော့် personality အစစ်ပဲ၊ ဟန်ဆောင်ပြီးလဲ ဇွတ်ကျား ပြမနေသလို အတင်းကြီးလဲ ဇွတ်ခြောက် ပြမနေဘူး၊ ကျွန်တော်နေတတ်သလို ပဲနေတာကို ရိုက်ထားတာ၊ အရှိအရှိအတိုင်းပါပဲ၊ ဒီထက်ပိုပြီး ကျားလာဖို့လဲ အစီအစဥ်မရှိသလို ပိုခြောက်သွားဖို့လဲ အစီအစဥ်မရှိ၊ ရယ်သံကတော့ ဟုတ်ပါတယ်၊ ရပ်ကွက်လို ရယ်တာ၊ ဟီး အမေဆို အိန္ဒြေပျက်အောင် မရယ်နဲ့ အရမ်းဆူတာ၊ သို့သော်လဲ မရပါဘူး။
ပဲတပိသာ နဲ့ ဖိဖိယိယိ တိုးတိုးတိတ်တိတ်မရယ်တတ်ဘူးလေ၊ ဗြဲကွဲနေအောင် ရယ်လိုက်ရမှ အားရကျေနပ်တာမျိုး၊ အဲ့ပုံစံကို ချစ်တဲ့သူတွေ ဆက်ချစ်ပေးနော်၊ အဲ့ဒါ အီဖေကိုယ်အစစ်ပဲ ဆိုပြီးတော့သူ့ရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
ကူးယူဖော်ပြခွင့်မပြု !!!!!!!!!
Zawgyi version
ကျွန်တော့် personality အစစ်ပဲ၊ ဟန်ဆောင်ပြီးလဲ ဇွတ်ကျား ပြမနေသလို အတင်းကြီးလဲ ဇွတ်ခြောက် ပြမနေဘူး၊ ကျွန်တော်နေတတ်သလို ပဲနေတာကို ရိုက်ထားတာ၊ အရှိအရှိအတိုင်းပါပဲ၊ ဒီထက်ပိုပြီး ကျားလာဖို့လဲ အစီအစဉ်မရှိသလို ပိုခြောက်သွားဖို့လဲ အစီအစဉ်မရှိ၊ ရယ်သံကတော့ ဟုတ်ပါတယ်၊ ရပ်ကွက်လို ရယ်တာ၊ ဟီး အမေဆို အိနြေ္ဒပျက်အောင် မရယ်နဲ့ အရမ်းဆူတာ၊ သို့သော်လဲ မရပါဘူး။