သရုပ်ဆောင် သင်ဇာဝင့်ကျော်ကတော့ ပရိသတ်တွေ နှစ်ပေါင်းများစွာချစ်ခဲ့ရတဲ့ ပြည်သူချစ်သရုပ်ဆောင်တစ်ယောက်ပါပဲ။
သင်ဇာဝင့်ကျော်ဟာ အနုပညာရှင်တစ်ယောက်ဖြစ်သလို လူအများကြီးရဲ့ စောင့်ကြည့်အားပေးခြင်းကိုခံရပေမယ့် သူမဘဝကို စိတ်ကြိုက်ဖြတ်သန်းသူတစ်ယောက်ပါ။ လူငယ်ပီပီ လွတ်လပ်ပေ့ါပါးတာကို ခုံမင်ပြီး စတိုင်လ်ကျကျနေတတ်တဲ့ သင်ဇာဝင့်ကျော်ဟာ ပြီးခဲ့တဲ့လတွေက စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပြီး အီလက်ထရောနစ်ပုဒ်မ ၃၃(က) နဲ့ တရားစွဲခံထားရတာပဲ ဖြစ်ပါတယ်။
ဒီကနေ့ ဒီဇင်ဘာလ (၂၃) ရက်နေ့မှာတော့ သင်ဇာဝင့်ကျော်ဟာ ရန်ကုန်အင်းစိန်ထောင်တွင်းတရားရုံး၊ မရမ်းကုန်းမြို့နယ်တရားခွင်ကနေ ထောင်ဒဏ် ၅နှစ် ချမှတ်ခံခဲ့ရတယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းကသိရပါတယ်။
သင်ဇာဝင့်ကျော်နဲ့ နီးစပ်တဲ့ အနုပညာအသိုင်းအဝိုင်းကတော့ သင်ဇာ့ရဲ့ သတင်းဆိုးအတွက် စိတ်မကောင်းဝမ်းနည်းဖြစ်နေကြတာပဲဖြစ်ပါတယ်။
MyanmCelebrit