ဒေါ်ခင်မာမြင့်ဆိုသူက သူမရဲ့ ယောကျာ်းနဲ့ အခုလက်ရှိမှာ ကလေး ၂၆ ယောက်ကို ဘယ်လိုပြုစုပျိုးထောင် ခဲ့တယ်ဆိုတဲ့ အကြောင်းကို အောက်မှာ ဆက်လက်ဖော်ပြထားပါတယ်။
လူတွေကတော့ ပြောကျတာပေါ့ ရှင်မွေးလွန်း၊ အလကားနေ ဥနဲ့ ဗိုက်နဲ့မပြတ်ဘူး အဲ့လိုပြောကျတာပေါ့။ တကယ်လဲ မပြတ်ဘူးလေ။သူတို့ကတော့ စိတ်ပူလို့ ပြောကျတာပေါ့။ ဟုတ်ကဲ့က လွဲပြီး ကျန်တာ မတုန့်ပြန်ပါဘူး။ ကျန်တာတော့ ဘာမှ မတွေးပါဘူး။ အိမ်ထောင်ရယ်လို့ ဖြစ်လာရင် သားသမီးဆိုတာ ရကြမှာပဲ။
အဲ့ဒီ့အပေါ်မှာ စိတ်တူကိုယ်တူ ရှိဖို့ပဲလိုပါတယ်။ အန်တီက သန်လျင်ကနေ ရုံးသွားတော့ ဦးအိမ်ရှေ့ကနေဖြတ်ရတယ်လေ။အဲ့မှာ အကြောင်းပါတာပါပဲ။ ၁၈ နှစ်မွေးနေ့လုပ်ပြီး နောက်နေ့ ၁၈နှစ် ၁ရက်မှာ ဦးနဲ့အိမ်ထောင်ပြုခဲ့တာပါ။ ဦးက ၂၅ နှစ် ၁၀လ၊ အန်တီက ၁၈ နှစ် ၁လမှာ ယူကြတာပေါ့။ ၁၉၇၅ ကနေ ၂၀၀၂ ထိ အန်တီမွေးခဲ့တာပါ။ ယောကျာ်းလေးက ၁၂ယောက် သမီး ၁၄ယောက်ပါ။ အခုလက်ရှိမှာ သက်ရှိထင်ရှား ၁၅ယောက်ရှိပါတယ်။တစ်နှစ်တစ်ယောက် မွေးခဲ့တာပါ။ အမွှာတောင် မွေးလိုက်သေးတယ်။ ၇၈ မှာ မိန်းကလေးအမွှာ၊ ၇၉ မှာ ယောကျာ်းလေးအမွှာ။ ဦးကတော့ အဲ့အချိန်က ဝန်ထမ်းလုပ်ပါတယ်။ အန်တီကတော့ ကလေးတွေရလာတော့ ဝန်ထမ်းအလုပ်ကနေ ထွက်ပြီး သူဝါသနာပါတဲ့ အရောင်း အဝယ်လုပ်ကို လုပ်ခဲ့ပါတယ်။
MyanmCelebrit