Cele News မြန်မာဆယ်လီ

မဆုံတာကြာတဲ့ပရိသတ်တွေအတွက် ဖေ့စ်ဘုတ်မှာ Live လွှင့်ပြီး သီချင်းတွေဆိုမယ့် Mini Concert လေးပြုလုပ်မယ်ဆိုတဲ့ မိစန္ဒီ

အဆိုတော်မိစန္ဒီကတော့ လူငယ်ပရိသတ်တွေအကြိုက် သီချင်းကောင်းတွေကို ကိုယ်တိုင်ရေးသားသီဆိုလေ့ရှိသူတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိစန္ဒီဟာ အခုဆိုရင် အိမ်ထောင်ရှင်တစ်ယောက်ဖြစ်လို့နေပြီဖြစ်ပြီး သူမချစ်ရတဲ့ချစ်သူနဲ့ ရွှေလက်တွဲလက်ထပ်ခဲ့ပြီပဲဖြစ်ပါတယ်။ အကြောင်းအမျိုးမျိုးကြောင့် သီချင်းတွေနဲ့ဝေးကွာနေခဲ့တဲ့ မိစန္ဒီဟာ ဒီကနေ့မှာတော့ သူမရဲ့သီချင်းတွေကိုလွမ်းနေကြတဲ့ ပရိသတ်တွေအတွက် သတင်းကောင်းလေးတစ်ခုကို မျှဝေပြောပြလာပါတယ်။  မိစန္ဒီက “Hello ပရိသတ်တွေနဲ့ အနေဝေးနေခဲ့တဲ့ မိစန္ဒီပါ။ ပရိတ်သတ်တွေကို အရမ်းလွမ်းနေတဲ့ မိစန္ဒီပါ🥺 အခုတော့ ပရိသတ်အနားကို သီချင်းတွေနဲ့အတူ ပြန်လာပါပြီ 🐷❤️ ဒါကြောင့်မို့ သီချင်းသံတွေနဲ့ အေးမြတဲ့ညအခါမှာ ခဏတာစိတ်အနားယူဖို့အတွက်ရော၊ အနေဝေးခဲ့တဲ့ မိစန္ဒီနဲ့ အရင်လို နွေးနွေးထွေးထွေးအတူရှိလို့ရအောင် ရော မနက်ဖြန်ညမှာ ကြည်နူးခြင်း ချစ်ခြင်းတွေ စုဝေးစေမယ့် ” Mi Sandi : JOY session” ဆိုပြီး အစီအစဉ်လေးတစ်ခုလုပ်ထားပါတယ်ရှင်🙏 နေရာအနှံ့က ပရိတ်သတ်တွေ အားလုံး တစ်ခါတည်း ကြည့်လို့ရအောင် မိစန္ဒီရဲ့ facebook page မှာပဲ Acoustic ပုံစံနဲ့ mini concert လေးကို တိုက်ရိုက် Live လုပ်သွားမယ့်အပြင် မိစန္ဒီရဲ့ သူငယ်ချင်း အဆိုတော်တချို့ပါ ဖိတ်ခေါ်ထားတာမို့ အားလုံးအတူတူ ဆုံချင်ပါတယ်။ သီချင်းတွေ အများကြီးဆိုမယ်။ စကားတွေလည်း အများကြီးပြောကြမယ်❤️ ဘာသီချင်းတွေ ဆိုစေချင်လဲ ပြောခဲ့နော်ဆိုပြီး သတင်းကောင်းလေးကို မျှဝေပေးလာခဲ့တာပဲ ဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *