ဂျက်ဂျက်ပေးတဲ့သင်ခန်းစာအကြောင်းပြောပြဦးမ ယ်ဖြစ်ပုံကတော့ ဂျက်လေးကိုကျောင်းပို့ရင်းမီးပွိုင့်မှာကားတွေကစည်းကမ်းမရှိကျော်တက်အတင်းတိုးနေတော့လူကဒေါသထွက်လာရော
စိတ်တိုရင်းပါးစပ်ကလဲပွစိပွစိပေါ့နော်ဂျက်က”မေမေဘယ်သူ့ကိုစိတ်တိုနေတာလဲ”တဲ့“အဲ့ကားတွေအားလုံးပဲ”လို့ဖြေတာပေါ့“ဘာလို့စိတ်တိုတာ
လဲ”တဲ့“စည်းကမ်းမရှိတော့ကားပိုပိတ်တာပေါ့၊ဂျက်လေးကိုမေမေကကျောင်းအမှီပို့ရဦးမှာလေ”လို့ဖြေတော့ ဂျက်ပြန်ပြောတဲ့စကားကဒီအမေအမြင်မှန်ရတော့တာပဲမေမေဒီကားတွေကိုစိတ်တိုမှကျောင်းရောက်မှာလား”တဲ့အဲ့
စကားလုံးအတိုင်းပြောတာဂျက်လေးပြေ ာမှကိုယ့်စိတ်ကိုပြင်မိတယ်ဟုတ်တယ်လေ စိတ်တိုမှပဲကျောင်းကိုရောက်မှာလားအဲ့ဒါဆိုရင်တော့စိတ်တိုရတာတန်တာပေါ့နော်စိတ်တိုလို့လဲဒီကားပိတ််တာကရှင်းသွားမှာမှမဟုတ်တာကိုယ့်စိတ်ညစ်နွမ်းတာပဲအဖတ်တင်တယ်ဆိုတာကိုဂျက်လေးပြောမှသတိထားမိတယ်ဒီလိုပါပဲ ကိုယ့်ဘဝမှာအကျိုးမရှိပဲစိတ်ညစ်နွမ်းမိတဲ့အခိုက်အတန့်တွေအများကြီးလုပ်ခဲ့ပီးပီနောက်ဆိုဂျက်လေးပြောသလိုပဲ တွေးနိုင်အောင်ကြိုးစားရမယ်”ဆိုပြီးသားကြီးတွက်ဂုဏ်ယူစွာမျှဝေလာခဲ့ပါတယ်။
MyanmCelebrit