လမ်းဘေးကဆင်းရဲသူမလေးဘဝကနေသူဌေးသမီးဖြစ်သွားတဲ့အကြောင်း ရိုက်ကူးလာခဲ့တဲ့ဖြူဖြူထွေး
သရုပ်ဆောင်ဖြူဖြူထွေးကတော့ သူမရဲ့အခက်အခဲတွေကြားကနေမှရုန်းထွက်လာခဲ့ပြီး ပရိသတ်ကိုသူမရဲ့အစစ်အမှန်ပုံစံကိုသာပြသလေ့ရှိတာပဲဖြစ်ပါတယ်။
ဖြူဖြူထွေးဟာ အနုပညာလောကထဲစဝင်လာကတည်းကအတိုက်အခိုက်တွေနဲ့ ကြုံလာခဲ့ရပေမဲ့လည်းယခုအခါမှာတော့ သူမကိုသဘောကျနှစ်သက်တဲ့ပရိသတ်အခိုင်အမာရရှိလာခဲ့တာပဲဖြစ်ပါတယ်။
ဖြူဖြူထွေးဟာအနုပညာလောကမှာ တစတစနာမည်ရလာတာနဲ့အညီ သူမကိုကမ်းလှမ်းလာခဲ့တဲ့ ကြော်ငြာတွေကိုလည်း သူမရဲ့ကိုယ်ပိုင်အိုင်ဒီယာထုတ်ကာရိုက်ကူးတင်ဆက်ပေးလေ့ရှိတာပဲဖြစ်ပါတယ်။
သူမဟာတောရွာမှာကြီးပြင်းလာတာကြောင့် တောသူဓလေ့ပုံစံတွေကိုယခုအခါမှာရိုက်ကူးခဲ့တာဖြစ်ပြီး သူမရဲ့တင်ဆက်မှုကိုပရိသတ်အများအပြားသဘောကျခဲ့ကြတာပဲဖြစ်ပါတယ်။သူမဟာရှင်းရှင်းကြာဇံထုတ်ကြော်ငြာရိုက်ကူးခဲ့တာဖြစ်ပြီး ထူးခြားတဲ့ဇာတ်အိမ်လေးကြောင့်ပရိသတ်သဘောကျခဲ့ကြတာပဲဖြစ်ပါတယ်။
ဖြူဖြူထွေးရိုက်ကူးခဲ့တဲ့ပုံစံကတော့ ရေသန့်ဘူးလိုက်ကောက်ရတဲ့ဆင်းရဲတဲ့သူဆင်းရဲမလေးကနေသူဌေးသမီးလေးဖြစ်သွားရတဲ့ဘဝမှာရှင်းရှင်းကြာဇံလေးရဲ့အင်အားကြောင့်ပဲဆိုတဲ့ဇာတ်အိမ်လေးနဲ့ ရသအပြည့်တင်ဆက်ခဲ့တာကြောင့် သူမရဲ့ဗီဒီယိုလေးဟာ ကြည့်ရှုသူ(၃)သန်းနီးပါးကို၂၄နာရီမပြည့်ခင်မှာပဲရရှိခဲ့တာဖြစ်ပါတယ်။
အမြဲတမ်းကြိုးစားနေတဲ့ဖြူဖြူထွေးလည်း နောင်ဒီထက်ပိုကောင်းတဲ့ဇာတ်ကွက်လေးတွေရိုက်ကူးလိုစေပါကြောင်းပြောရင်းBCTV Mediaမှတင်ဆပက်လိုက်ရပါတယ်ပရိသတ်ကြီးရေ။
Zawgyi version