Cele News မြန်မာဆယ်လီ

သားနဲ့သမီးရဲ့ လက်ကိုကိုင်ဆွဲပြီး ယုံကြည်ချက်အပြည့်နဲ့ ပွဲတက်ခဲ့တဲ့ အမှတ်တရဓာတ်ပုံလေးတွေကို ပြသလာတဲ့ သရုပ်ဆောင်နန်းမြတ်ဖြိုးသင်း

သားနဲ့သမီးရဲ့ လက်ကိုကိုင်ဆွဲပြီး ယုံကြည်ချက်အပြည့်နဲ့ ပွဲတက်ခဲ့တဲ့ အမှတ်တရဓာတ်ပုံလေးတွေကို ပြသလာတဲ့ သရုပ်ဆောင်နန်းမြတ်ဖြိုးသင်း

သရုပ်ဆောင် နန်းမြတ်ဖြိုးသင်းကတော့ ခင်ပွန်းဖြစ်သူ ကွယ်လွန်ပြီးသွားတဲ့နောက်မှာ ကလေးနှစ်ယောက်ကို တစ်ယောက်တည်းပြုစုပျိုးထောင်နေတာပဲဖြစ်ပါတယ်။

နန်းမြတ်ဖြိုးသင်းက လက်ရှိမှာလည်းကလေးတွေရှေ့ရေးအတွက်အိမ်ထောင်ဦးစီးတစ်ယောက်အနေနဲ့ စီးပွားရှာရသလို မိခင်တစ်ယောက်အနေနဲ့လည်း ကလေးတွေရဲ့ဝေယျာဝစ္စတွေအားလုံးကို တာဝန်ယူဖြေရှင်းနေရတာပဲဖြစ်ပါတယ်။

အလုပ်တွေအရမ်းများတဲ့ မင်းသမီးတစ်ယောက်ဆိုပေမယ့် မိခင်တစ်ယောက်လည်းဖြစ်တဲ့ နန်းမြတ်ဖြိုးသင်းဟာ အလုပ်တွေလုပ်သလို ကလေးတွေရဲ့ဝေယျာဝစ္စတွေကိုလည်း မလစ်ဟင်းအောင် လုပ်ကိုင်နေသူဖြစ်ပါတယ်။ ဒီတစ်ခါမှာတော့ နန်းမြတ်ဖြိုးသင်းက သူ့ရဲ့ သားနဲ့ သမီးလေးကို လက်ကို ကိုင်ဆွဲပြီး ပွဲတက်ခဲ့ကာ ပွဲတက်အမှတ်တရပုံရိပ်လေးတွေကို “သားအမိ၃ယောက်ပုံလေးတွေရလို့ မျက်စိနောက်နေပြီလားမသိ။ တင်စရာတွေကအများကြီးကျန်ပါသေးတယ် (ကြိုတောင်းပန်ထားတာ)” ဆိုပြီး ပရိသတ်ကို မျှဝေပေးလာပါတယ်။

Zawgyi version





Leave a Reply

Your email address will not be published. Required fields are marked *