Cele News မြန်မာဆယ်လီ

“ရွှေပုံဧရာ” ဇာတ်ရုပ်အတွက် ရိုက်ကွင်းပေါ်မှာ မုဒ်အပြည့်နဲ့နေခဲ့တာကြောင့် ဒါရိုက်တာကတောင် လန့်သွားခဲ့ရကြောင်း ပြောပြလာတဲ့ ထက်ထက်ထွန်း

“ရွှေပုံဧရာ” ဇာတ်ရုပ်အတွက် ရိုက်ကွင်းပေါ်မှာ မုဒ်အပြည့်နဲ့နေခဲ့တာကြောင့် ဒါရိုက်တာကတောင် လန့်သွားခဲ့ရကြောင်း ပြောပြလာတဲ့ ထက်ထက်ထွန်း

အလှမယ်ထက်ထက်ထွန်းကတော့ အနုပညာလောကထဲ ဝင်ရောက်လာခဲ့စဉ်ကတည်းက သူမရဲ့ ဆွဲဆောင်မှုရှိတဲ့ ကိုယ်ပိုင်စတိုင်လ်လေးကြောင့် ပရိသတ်အားပေးမှုကို ရရှိခဲ့တာပဲ ဖြစ်ပါတယ်။

ထက်ထက်ထွန်းဟာ အလှမယ်တစ်ယောက်ဖြစ်ပေမယ့် အခုဆိုရင် သရုပ်ဆောင်တစ်ယောက်အဖြစ်လည်း ရပ်တည်နေလျက်ရှိပြီး လက်ရှိ မဟာရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “သမီးဆိုး” ဇာတ်လမ်းတွဲမှာလည်း ရွှေပုံဧရာ ဆိုတဲ့ ဇာတ်ရုပ်နဲ့ အောင်မြင်မှုတွေရရှိနေတာပဲ ဖြစ်ပါတယ်။

“ရွှေပုံဧရာ” ဇာတ်ရုပ်အတွက် ပရိသတ်ချီးကျူးမှုကို ရရှိခဲ့သလို ဇာတ်ကားရိုက်ကူးစဉ်မှာလည်း သူမရဲ့ စိတ်ရော ခန္ဓာကိုယ်ရောပါ ရွှေပုံဧရာ အဖြစ် မုဒ်အပြည့်သွင်းထားတယ်လို့ ထက်ထက်ထွန်းက “ရွှေပုံလေး ဘယ်လောက် သောင်းကျန်းလဲ ဒါရိုက်တာတောင် ချောင်မှာပုန်းပြီး ခေါင်းအုံးကာ ဒိုင်ယာလော့ချရတယ် ပစ်ပေါက်တာ သူ့သွားမှန်လို့ ချောတီး မမ ဆိုပြီး အမှတ်တရပြောလာပါတယ်။

Zawgyi version





Leave a Reply

Your email address will not be published. Required fields are marked *