Cele News မြန်မာဆယ်လီ

ဇနီးဟောင်းမေသန်းနု နှင့် သားဖြစ်သူတို့ကို မနက်စာလိုက်ကျွေးရင်း မိသားစုအချိန်ကုန်ဆုံးလျက်ရှိနေတယ်ဆိုတဲ့ ဒါရိုက်တာစင်ရော်မောင်မောင်

ဇနီးဟောင်းမေသန်းနု နှင့် သားဖြစ်သူတို့ကို မနက်စာလိုက်ကျွေးရင်း မိသားစုအချိန်ကုန်ဆုံးလျက်ရှိနေတယ်ဆိုတဲ့ ဒါရိုက်တာစင်ရော်မောင်မောင်

နိုင်ငံကျော်ဒါရိုက်တာ စင်ရော်မောင်မောင်နဲ့ နိုင်ငံကျော်သရုပ်ဆောင် မေသန်းနုတို့ဟာဆိုရင်ဖြင့် တချိန်က ဇနီးမောင်နှံတွေအဖြစ် ပေါင်းသင်းခဲ့ကြပြီး မင်းသန့်မောင်မောင်ဆိုတဲ့ သားလေးတစ်ယောက်ကို မွေးဖွားပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။

စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ဟာ မင်းသန့်လေးအရွယ်မရောင်ခင်မှာပဲ တရားဝင်ကွာရှင်းခဲ့ကြပေမယ့် တစ်ယောက်နဲ့တစ်ယောက် လိုအပ်ချိန်တိုင်း အမြဲတမ်းအဆင်သင့်ရှိနေကြပြီး မင်းသန့်မောင်မောင်အတွက်လည်း မိဘကောင်းတွေအဖြစ် ဆက်လက်ရပ်တည်နေဆဲဖြစ်ပါတယ်။

စင်ရော်မောင်မောင်နဲ့ မေသန်းနုတို့ဟာ ကွာရှင်းပြတ်ဆဲပြီးသားလူတွေဆိုပေမယ့်လည်း သားဖြစ်သူ မင်းသန့်နဲ့ပတ်သက်လာရင်တော့ အတူတူယှဉ်တွဲရှိနေဆဲဖြစ်ပါတယ်။ ဒီကနေ့မှာလည်း မေသန်းနု၊ မင်းသန့်မောင်မောင်နဲ့ စင်ရော်မောင်မောင်တို့က မနက်စာအတူတူစားဖြစ်နေကြောင်း စင်ရော်မောင်မောင်က သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာ “သား သား နဲ့ အ မေ ကို မုန့် လိုက် ကျွေး !”ဆိုပြီး သူ့ရဲ့ဖေ့စ်ဘုတ်စာမျက်နှာမှာပြောလာပါတယ်။

Zawgyi version





Leave a Reply

Your email address will not be published. Required fields are marked *