အိမ်အကူများက မိသားစုအတွက် ပိုမိုကောင်းမွန်တဲ့ ဘဝကို ရှာဖွေရန် ဝေးကွာတဲ့ တိုင်းတစ်ပါးသို့သွားပြီး အိမ်နဲ့ မိသားစုတို့ကို အချိန်အကြာကြီး ခွဲနေခဲ့ရတာပါ။
စင်ကာပူမှာ အလုပ်လုပ်နေသော ဖိလစ်ပိုင်အမျိုးသမီး Erma က သူမရဲ့ကလေးနှစ်ဦးနဲ့ မတွေ့ရတာ ခြောက်နှစ်နီးပါးရှိပါပြီ။
သူမရဲ့ကြိုးစားအားထုတ်မှုအတွက် ကျေးဇူးတင်ကြောင်းပြသရန် သူမရဲ့ အလုပ်ရှင်များက အားလပ်ရက်မှာ ဖိလစ်ပိုင်က သူမရဲ့ကလေးများကို ပြန်တွေ့ရန် ကုန်ကျစရိတ်အားလုံးကို အလုပ်ရှင်က ပေးခဲ့ပါတယ်။Erma ဟာ သူမရဲ့ကလေးနှစ်ယောက်ဖြစ်တဲ့ Liezel နဲ့ Liezoo တို့ကို မတွေ့မမြင်ရတာ ခြောက်နှစ်ရှိပြီဖြစ်ပါတယ်။ Erma က ပြန်လာမှာကို သတင်းကြားလိုက်တဲ့အခါ သူမရဲ့ကလေးများက လေယာဉ်ကွင်းမှာ မိခင်ကို စောင့်နေခဲ့ပါတယ်။
နောက်ဆုံးတော့ သားအမိတို့ ဆုံတွေ့ကြပြီး တစ်ယောက်နဲ့တစ်ယောက်ပွေ့ဖက်ကာ ဝမ်းသာမျက်ရည်ကျလာခဲ့ကြပါတယ်။
MyanmCelebrit