အသက်(၂၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ သားလေးကို ငယ်ဘဝဓာတ်ပုံလေးတွေနဲ့ ထူးထူးခြားခြားမွေးနေ့ဆုတောင်းပေးလာတဲ့ သရုပ်ဆောင်ခင်ဇာခြည်ကျော်
ဒီကနေ့၊ ဒီဇင်ဘာလ၊ ၆ရက်နေ့မှာဆိုရင်တော့ မင်းသမီးကြီး ခင်ဇာခြည်ကျော်၏ သားကြီးဖြစ်သူ သရုပ်ဆောင်ဘုန်းမင်းနေလရဲ့ ၂၁နှစ်ပြည့် မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်နော်။
အခုတစ်ခါမှာဆိုရင်သရုပ်ဆောင်ခင်ဇာခြည်ကျော်က အသက်(၂၁)နှစ်ပြည့်သွားပြီဖြစ်တဲ့ သားလေးကို ငယ်ဘဝဓာတ်ပုံလေးတွေနဲ့ အခုလို ထူးထူးခြားခြားမွေးနေ့ဆုတောင်းပေးလာခဲ့ပါတယ်နော်။
သရုပ်ဆောင်ခင်ဇာခြည်ကျော်က Happy birthday ပါ မေမေ့ သားကြီး ရေ၊ အသက် ၂၁ နှစ်ပြည့် မွေး နေ့ မှ စ၍ အသက်ရှည် ကျန်းမာပြီး စိတ် ချမ်းသာ ကိုယ်ကျန်းမာပါစေ၊ လိုအင်ဆန္ဒတွေ အားလုံးပြည့် ဝ ပါစေသားရေ၊ အနုပညာ မှာလည်းပြည်သူချစ်တဲ့ အနုပညာရှင်တစ်ယောက် ဖြစ်ပါစေ၊ 6.12.2022၊ ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။
ကူးယူဖော်ပြခွင့်မပြု !!!!!!!!!
Zawgyi version