မင်းသမီးချော မေကဗျာကတော့ ကလေးမေမေ အသက် (၃၉) နှစ်အရွယ်အမျိုးသမီးတစ်ယောက်ဆိုပေမယ့် ငယ်ရွယ်နုပျိုသူတွေလိုက်လို့မမှီတဲ့ အလှတရားကို ပိုင်ဆိုင်ထားသူဖြစ်ပါတယ်။
မေကဗျာကတော့ အခုဆိုရင် ဇာတ်ကားတွေမရိုက်ကူးဖြစ်တော့ပဲ စီးပွားရေးအလုပ်တွေနဲ့ မိသားစုအရေးကိစ္စတွေကိုသာ ဦးစားပေးလုပ်ကိုင်နေလျက်ရှိတာပဲဖြစ်ပါတယ်။ ဒ့ါအပြင် မေကဗျာက သူမရဲ့ တစ်ဦးတည်းရှိတဲ့သမီးလေး ဂင်္ဂါမေအတွက် လိုလေသေးမရှိဖြည့်ဆည်းပေးနေတဲ့ မိခင်ကောင်းတစ်ယောက်ပါပဲ။
ဂင်္ဂါမေက အခုဆိုရင် နိုင်ငံခြားမှာ ကျောင်းသွားတက်နေတာဖြစ်ပြီး ဘဝကိုတစ်ယောက်တည်း ရပ်တည်နေတာပဲ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ မေကဗျာက တိုင်းတစ်ပါးရောက်သွားပေမယ့်လည်း လှူချင်တန်းချင်စိတ်အမြဲရှိတဲ့ သမီးလေးအကြောင်းကို “အဝေးကနေ သူ့မုန့်ဖိုးလေးကိုလှမ်းလှူတဲ့သမီးလေး လှူချင်စိတ်ရှိတာလေးကိုပဲကျေနပ်ပီတီဖြစ် မိသားစု အလှူလေးမ်ု့ သူလေးလည်းအဝေးပါချင်တာပေါ့ ကျေးဇူးပါသဲလေး❤️” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ ပြောလာပါတယ်။
MyanmCelebrit