FootBall

ငွေတစ်သောင်းခန့်နဲ့ လူ(၃)ယောက်အဝစားလို့ရတဲ့ ရန်ကုန်မြို့ရဲ့ပထမဆုံးမြေအိုးဟော့ပေါ့

ကိုယ်တိုင်ကလည်း အစားအသောက်ရောင်းတာကို စိတ်ဝင်စားပြီး ဈေးနှုန်းအသင့်အတင့်နဲ့ လူတိုင်းစားနိုင်အောင် ရည်ရွယ်တဲ့ ဘက်ဂျက်ဟော့ပေါ့ဆိုင်လေးကို ဖွင့်ဖို့ စိတ်ကူးမိရာကနေ ဒီဆိုင်လေးဖြစ်လာခဲ့တာပါ။ စားတဲ့သူတွေအတွက်လည်း ဆန်းဆန်းပြားပြားလေးဖြစ်အောင် မြေအိုးဟော့ပေါ့ဆိုပြီး စတင်ရောင်းချခဲ့ရာက အခုတော့ လူသိများတဲ့ဆိုင်လေးဖြစ်လာခဲ့ပါပြီ။

“ ဟော့ပေါ့လည်းရောင်းချင်တယ်။ ဈေးကလည်းအများကြီးမဟုတ်ဘဲ အသင့်အတင့်နဲ့ဖြစ်အောင်ဆိုပြီး စရောင်းခဲ့တာပေါ့။ ပထမဆုံးစဖွင့်တုန်းက ဟော့ပေါ့ တစ်စုံစာကိုမှ  ၆၅၀၀ ပဲရှိတယ်။ မိသားစု ၃ ယောက် ကောင်းကောင်းစားလို့ရတယ်။ ခုနောက်ပိုင်းကုန်ဈေးနှုန်းတက်မှ တစ်သောင်း ဝန်းကျင်ဖြစ်သွားတာ” မြေအိုးဟော့ပေါ့ဆိုင်ရှင် မဧကရီစိုးကဆိုပါတယ်။

ဒီဆိုင်မှာ မြေအိုးဟော့ပေါ့အပြင် မာလာရှမ်းကော၊ မာလာမောက်ချိုက်နဲ့ ယိုးဒယားအထောင်းမျိုးစုံရနိုင်ပါတယ်။ ဈေးနှုန်းတွေကတော့ ဟော့ပေါ့ တစ်ပွဲကို ၁၀၀၀၀ ကျပ်ကနေ အများဆုံး ၁၅၀၀၀ ကျပ်ထိဖြစ်ပြီး မာလာရှမ်းကောဆိုလည်း ၇၀၀၀ ကျပ်ကနေ အများဆုံး ၁၀၀၀၀ ဝန်းကျင်ထိသာကျသင့်ပါတယ်။

ဆိုင်လေးကို ဟော့ပေါ့မြေအိုးဆိုင်လို့ လူသိများကြပေမယ့် ဆိုင်အမည်က Good Taste Food House ဖြစ်ပြီး ဆိုင်လိပ်စာ အမှတ် ၁၃၆၉/ ၄၃ ရပ်ကွက်၊ ဘုရင့်နောင်လမ်း၊ ၄၄ မှတ်တိုင်အနီးမှာဖြစ်ပါတယ်။ ဆိုင်ဖွင့်ချိန်က နေ့လယ် ၁၁ နာရီကနေ ည ၈ နာရီအထိ ဖြစ်ပြီး ဆိုင်ဖုန်းနံပါတ် 09755026756 ကိုဆက်သွယ်နိုင်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *