သစ်သီးအချဉ်ပေါင်းကြိုက်သူတွေအတွက် အသီးတွေကို ငါးပိလေးနဲ့ အရသာ ချဉ်ချဉ်ငံငံစပ်စပ်လေးဖြစ်အောင် သုပ်ပြီးရောင်းတဲ့ တောသုပ်ဆိုင်လေးကို လူတိုင်းသိကြမှာပါ။ ဒီဆိုင်လေး ပေါ်ပေါက်လာတာ (၃) နှစ်ဝန်းကျင်ရှိလာပြီးအခုတော့ ရန်ကင်းမြို့နယ်မှာ ဆိုင်ခန်းလေးနဲ့ ဖွင့်လှစ်ထားတာ မကြာသေးပါဘူး။
ရန်ကုန်က အချဉ်ပေါင်းဆိုင်တွေအများစုက ငံပြာရည်၊ ငရုတ်သီးမှုန့်တွေနဲ့ သုပ်တာများတာကြောင့် ငါးပိလေးနဲ့ သုပ်တဲ့ပုံစံမျိုးလေးနဲ့ တောသုပ်ဆိုင်လေးကို လွန်ခဲ့တဲ့ (၃) နှစ်ဝန်းကျင်က စတင်ဖွင့်လှစ်ခဲ့တာပါ။ ဆိုင်ရှင်နှစ်ဦးက ပျဉ်းမနားဒေသခံတွေဖြစ်တာကြောင့် သူတို့ဒေသမှာ စားတဲ့ပုံစံမျိုးလေးကို ရန်ကုန်မှာ စတင်ရောင်းချဖို့ စိတ်ကူးမိခဲ့တာဆိုရင်လည်း မမှားပါဘူး။
“ ဒါက ကျွန်တော်တို့ နယ်အစားအစာပေါ့နော်။ ငါးပိနဲ့သုပ်တာက နယ်တွေမှာရှိတော့ ရန်ကုန်မှာ ဒီလိုလေးစလုပ်ကြည့်မယ်ဆိုပြီး စခဲ့တာ။ စဖွင့်တာကတော့ တက္ကသိုလ်ရိပ်သာလမ်း UFL ရှေ့မှာ ကားလေးနဲ့ပေါ့။ နာမည်ကိုတော့ တောသုပ်လို့ပေးလိုက်တယ်။ သုပ်တာကတော့ ငရုတ်သီးနဲ့ငါးပိကို အဓိကထားပြီး အသီးနဲ့သုပ်တာပေါ့နော်။ ”တောသုပ်ဆိုင်ရှင်ကဆိုပါတယ်။တောသုပ်ဆိုင်လေးမှာ ချဉ်စော်ခါးသီးငါးပိသုပ်၊ ပင်မှည့်ငပိသုပ်၊ သရက်သီး၊ ဂွေးသီး၊ ပန်းသစ်တော်၊ ပန်းသီး၊ မက်မန်းသီး တဲ့ အသီးတွေကိုလတ်လတ်ဆတ်ဆတ် နဲ့ ငါးပိကလေးနဲ့ သုပ်ထားတဲ့ အသီးသုပ်မျိုးစုံရနိုင်ပါတယ်။ ဆိုင်လေးတွေကတော့ ရန်ကင်းမြို့နယ်၊ ရန်ကင်းလမ်း၊ ရန်နိုင်လမ်းသွယ် (၄) လမ်းထိပ်မှာတစ်ဆိုင်နဲ့ တက္ကသိုလ်ရိပ်သာလမ်း YUFL ရှေ့မှာတော့ ကားလေးနဲ့ ရောင်းချနေတာဖြစ်ပါတယ်။ မနက် (၁၁) နာရီခွဲကနေ ညနေ (၆) နာရီလောက်ထိရနိုင်ပြီး ချဉ်ငံစပ်အရသာ ထိမိဂွိကြိုက်သူလေးတွေအတွက် ဒီဆိုင်လေးကို ညွှန်းပေးလိုက်တာဖြစ်ပါတယ်။
MyanmCelebrit