Cele News မြန်မာဆယ်လီ

သူမရဲ့လက်ရှိကောင်လေးမှာ အရင်မိန်းမရှိခဲ့ဖူးကြောင်း တရားဝင်ချပြလာတဲ့ သရုပ်ဆောင်မြတ်သူသူ

သူမရဲ့လက်ရှိကောင်လေးမှာ အရင်မိန်းမရှိခဲ့ဖူးကြောင်း တရားဝင်ချပြလာတဲ့ သရုပ်ဆောင်မြတ်သူသူ

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ်ဆောင်မြတ်သူသူက သူမရဲ့လက်ရှိကောင်လေးမှာ အရင်မိန်းမရှိခဲ့ဖူးကြောင်းအခုလို တရားဝင်ချပြလာခဲ့ပါတယ်နော်။

သရုပ်ဆောင်မြတ်သူသူက လူတိုင်းက အတိတ်ရှိကြတယ်၊ ဘယ်သူမှအလုံးစုံအပြစ်မကင်းနိုင်ကြဘူးလေ၊ အခုလက်ရှိမှာ လွတ်လပ်သူတွေဖြစ်ရင်ရပြီမလား၊ ဘယ်သူနဲ့မှလည်း ရန်သူတွေဖြစ်စရာမလိုဘူးလေ၊ ကာယကံရှင်တွေထက် ဘယ်သူပိုသိနိုင်မလဲ၊ မြတ်သူတို့အားလုံး အဆင်ပြေစိတ်ချမ်းသာဖို့ပဲတွေးကြပါတယ်၊ အမကိုလည်း ကျေးဇူးတင်ပါတယ်၊ နာမည်ဖျက်လိုက်တာက ပြီးခဲ့တာကြာပြီဖြစ်တဲ့ကိစ္စအတွက်နဲ့ အမအတွက် အနှောင့်အယှက်မဖြစ်စေချင်လို့ပါ။

အခုလို တင်ရတာကလည်း မြတ်သူကို ဟိုးအရင်ထဲက ချစ်ပေးအားပေးနေကြတဲ့သူတွေ စိတ်ရှင်းဖို့အတွက်ပါ၊ ငါတို့ကတော့ အားပေးလိုက်ရတာ သူက အဲ့လိုကြီးလားဆိုပြီး မျက်နာမပျက်ရအောင် စိတ်မရှင်းမဖြစ်ရအောင်လို့ပါ၊ မြတ်သူ အမြဲတမ်းရိုးသားပွင့်လင်းစွာနေခဲ့ပြောခဲ့သလို မြတ်သူကို အားပေးတဲ့သူတွေ မြတ်သူကြောင့် ဘယ်တော့မှ မျက်နာမငယ်စေရဘူး စိတ်ချပါ ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

ကူးယူဖော်ပြခွင့်မပြု !!!!!!!!!

Zawgyi version






Leave a Reply

Your email address will not be published. Required fields are marked *