Cele News မြန်မာဆယ်လီ

ယနေ့မှာ ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်းလိုက်ကြောင်း ​ကြေညာလိုက်တဲ့ သရုပ်ဆောင်မိုးမိုးမြင့်အောင်

ယနေ့မှာ ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်းလိုက်ကြောင်း ​ကြေညာလိုက်တဲ့ သရုပ်ဆောင်မိုးမိုးမြင့်အောင်

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့သရုပ်ဆောင်မိုးမိုးမြင့်အောင်က ယနေ့မှာ ခင်ပွန်းဖြစ်သူနဲ့ တရားဝင်ကွာရှင်းလိုက်ကြောင်းကိုအခုလို ​ကြေညာလိုက်ပါတယ်နော်။

ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီများရှင် မို့မို့မြင့်အောင်က ခင်ပွန်းဖြစ်သူအား ငွေကြေးအရှုပ်အရှင်းကျူးလွန်သည်ကို လက်မခံနိုင်တော့၍ဟုဆိုကာ နိုဝင်ဘာလ ၂၄ ရက်တွင် ကွာရှင်းပြီးကြောင်း ယနေ့ နိုဝင်ဘာလ ၂၆ ရက်ထုတ် နိုင်ငံပိုင် သတင်းစာများတွင် ကြေညာထားပါတယ်နော်။

ဒေါ်မို့မို့မြင့်အောင်၏ လွှဲအပ်ညွှန်ကြားချက်အရ တရားလွှတ်တော်ရှေ့ဒေါ်မေသွယ်တင်လတ်က အဆိုပါ ကြေညာချက်ကို ကြေညာရာတွင် ဒေါ်မို့မို့မြင့်အောင်နှင့် ဦးမောင်မောင်ကျော်တို့ နှစ်ဦးမှာ ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်ကပင် တရားဝင်အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ရာ ဒေါ်မို့မို့မြင့်အောင်အနေဖြင့် ခင်ပွန်းသည်အပေါ် မယားဝတ္တရားနှင့်အညီ ပြုစုပေးခဲ့သော်လည်

ဦးမောင်မောင်ကျော်အနေဖြင့် ဒေါ်မို့မို့မြင့်အောင် လုံးဝသဘောတူသိရှိခြင်းမရှိသော ငွေကြေးအရှုပ်အရှင်းများ အကြိမ်ကြိမ်ကျူးလွန်ထားကြောင်း၊ယင်းကို သိရှိပြီးနောက် လက်ခံခွင့်လွှတ်နိုင်စွမ်းမရှိသည့်အတွက်လသာမြို့နယ် ၊မြို့နယ်တရားသူကြီး အမှတ်(၂)စည်ပင်သာယာတရားရုံး၌ နိုဝင်ဘာလ ၂၄ ရက်က တရားဝင် နှစ်ဦးသဘောတူကွာရှင်းပြီးဖြစ်ကြောင်း ဖော်ပြထားတယ်နော်။

၎င်းတို့နှစ်ဦး ပေါင်းသင်းစဉ်ကာလအတွင်း ဒေါ်မို့မို့မြင့်အောင် သိရှိသဘောတူခြင်းမရှိသော ဦးမောင်မောင်ကျော်ကျူးလွန်ခဲ့သည်ဆိုသည့် ငွေကြေးအရှုပ်အရှင်းများနှင့် ကွာရှင်းပြီးနောက်ပိုင်း ထပ်မံကျူးလွန်ခဲ့ပါကလည်း ယင်းတို့ကို ဒေါ်မို့မို့မြင့်အောင်အနေဖြင့် ဖြေရှင်းဆောင်ရွက်ပေးမည် မဟုတ်ကြောင်း နှင့် ၎င်းကိစ္စအပေါ် မေးမြန်းစုံစမ်းခြင်း သီးခံပါရန် လည်း သတင်းစာကြော်ငြာတွင် ထည့်သွင်းဖော်ပြထားတယ်၊ စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

ကူးယူဖော်ပြခွင့်မပြု !!!!!!!!!

Zawgyi version




ဒေါ်မို့မို့မြင့်အောင်၏ လွှဲအပ်ညွှန်ကြားချက်အရ တရားလွှတ်တော်ရှေ့ဒေါ်မေသွယ်တင်လတ်က အဆိုပါ ကြေညာချက်ကို ကြေညာရာတွင် ဒေါ်မို့မို့မြင့်အောင်နှင့် ဦးမောင်မောင်ကျော်တို့ နှစ်ဦးမှာ ၁၉၈၇ ခုနှစ် ဖေဖော်ဝါရီလ ၁၇ ရက်ကပင် တရားဝင်အကြင်လင်မယားအဖြစ် ပေါင်းသင်းခဲ့ရာ ဒေါ်မို့မို့မြင့်အောင်အနေဖြင့် ခင်ပွန်းသည်အပေါ် မယားဝတ္တရားနှင့်အညီ ပြုစုပေးခဲ့သော်လည်း ဦးမောင်မောင်ကျော်အနေဖြင့် ဒေါ်မို့မို့မြင့်အောင် လုံးဝသဘောတူသိရှိခြင်းမရှိသော ငွေကြေးအရှုပ်အရှင်းများ အကြိမ်ကြိမ်ကျူးလွန်ထားကြောင်း၊ယင်းကို သိရှိပြီးနောက် လက်ခံခွင့်လွှတ်နိုင်စွမ်းမရှိသည့်အတွက်လသာမြို့နယ် ၊မြို့နယ်တရားသူကြီး အမှတ်(၂)စည်ပင်သာယာတရားရုံး၌ နိုဝင်ဘာလ ၂၄ ရက်က တရားဝင် နှစ်ဦးသဘောတူကွာရှင်းပြီးဖြစ်ကြောင်း ဖော်ပြထားတယ်နော်။



Leave a Reply

Your email address will not be published. Required fields are marked *