စံထိပ်ထားဦးကတော့ ရိုးရှင်းပြီး ဆွဲဆောင်မှုရှိလွန်းတဲ့ အလှတရားလေးကို ပိုင်ဆိုင်ထားတဲ့အပြင် ကလေးလေးလို ဖြူစင်တဲ့ အပြုံးလှလှလေးတွေနဲ့ ချစ်စရာကောင်းတာလေးတွေကြောင့်လည်း ပုရိသပရိသတ်တွေရဲ့ အသည်းလေးတွေကြွေဆင်းနေရတာပါ ။
စံထိပ်ထားဦးက အခုဆိုရင် အနုပညာလှုပ်ရှားမှုတွေကို လုပ်ကိုင်နေပြီဖြစ်ပြီး ပရိသတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိနေပြီဖြစ်ပါတယ်နော်။
ထိပ်ထိပ်လေးက ပညာရေးဘက်မှာလည်း ထူးချွန်တဲ့ သူလေးဖြစ်တဲ့အပြင် ရိုးရိုးအေးအေးလေးနဲ့ နေထိုင်တတ်တဲ့သူဖြစ်တာကြောင့် မေမေခိုင်သင်းကြည်တစ်ယောက် အချစ်တွေပိုပြီးရင်းပိုနေရတာလည်းဖြစ်ပါတယ်။
သူမရဲ့ လှုပ်ရှားမှုလေးတွေကိုလည်း အမြဲဖော်ပြပေးလေ့ရှိတာကိုလည်း တွေ့ရပါတယ် ။ လတ်တလောမှာတော့ ယနေ့မှာ ကျရောက်တဲ့ မွေးနေ့လေးမှာ အသက် (၂၀) ပြည့်သွားပြီဖြစ်ကြောင်း အမှတ်တရ ပုံလေးတွေ ဝေမျှထားရာ ပြန်လည် ဖော်ပြပေးလိုက်ပါတယ် ။
MyanmCelebrit