Cele News မြန်မာဆယ်လီ

အဖေခွဲသွားတာ (၄)နှစ်တိတိပြည့်တဲ့ နေ့လေးမှာ စတုဒီသာအလှူဒါနလေး ပြုလုပ်သွားမယ့် ရုပ်ရှင်သရုပ်ဆောင် လင်းဇာနည်ဇော်

ပရိတ်သတ်ကြီးရေတစ်ချိန်ကအောင်မြင်ခဲ့တဲ့မင်းသ မီးလင်းဇာနည်ဇော်ကတော့မိသားစုနဲ့မိဘတွေအပေါ်မှာအရမ်းသိတတ်တဲ့သမီးတစ်ယောက်ဖြစ်ပါတယ်နော်။ “အမေနဲ့သမီးတို့အတွက်ကတော့အဖေမရှိတော့တဲ့နေ့တွေဟာ၊ကုန်မှန်းမသိတဲ့အချိန်တွေကိုရေတွက်ဖို့ရာတောင်အချိန်မရှိပဲ၊ခက်ခဲကြမ်းတမ်းတဲ့ကန္တာရခရီးရှည်ကြီးကိုပျော်ရွှင်စရာမရှိ အားကိုးမှီခိုရာမရှိရင်ဖွင့်အကြံဉာဏ်ယူဖို့ရာလမ်းကောင်းညွှန်ပြပေးမယ့်သူမရှိတယုတယဖက်ရမ်းနမ်းရှုပ်ရမယ့်သူမရှိတဲ့ဘဝနဲ့၊အဖေပေးခဲ့တဲ့ခွန်အားတွေကိုသာအသုံးချရင်းကြိုးစားအားယူရုန်းကန်လျှောက်လှမ်းခဲ့ရပါတယ်ဖေဖေရေ”ဆိုပြီးရေးသားလာခဲ့ပါတယ်။(3)ရက်နေ့မှာကျရောက်မယ့်ဖေဖေ့(4)နှစ်ပြည့်နေ့လေးမှာ၊မေကြီးနဲ့ဖေဖေ့သားသမီးလေးယောက်၊မိသားစုစုံစုံလင်လင်နဲ့၊သမီးတို့ကိုယ်တိုင်မေတ္တာတွေထည့်ချက်မယ့် “ရွှေ အုန်းနို့ခေါက်ဆွဲလေး’စတုဒီသာကျွေးပါမယ်။သမီးတို့မိသားစုပြုသမျှကောင်းမှူ့ကု သိုလ်လေးကိုဖေဖေရောက်ရှိနေတဲ့ဘုံဘဝမှဝမ်းမြေ ာက်ကြည်နူးစွာသာဓုအကြိမ်ကြိမ်ခေါ်ဆိုနိူင်ပါစေ။ဆိုပြီးရည်စူးပြုလုပ်မယ့်အလှူဒါနလေးကိုပါမျှဝေလာခဲ့ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *