Cele News မြန်မာဆယ်လီ

ရန်ကုန်မြို့ရဲ့ နာမည်ကြီးထမင်းပေါင်းဆိုင်တွေထဲကတစ်ခုဖြစ်တဲ့ ဒဂုံအေးမေ့မရထမင်းပေါင်း

ဆိုင်လေးစဖွင့်ကာစ လွန်ခဲ့တဲ့ (၄၂) နှစ်ဝန်းကျင်က ထမင်းပေါင်းတစ်ပွဲကို ၂ ကျပ်ခွဲနဲ့ စတင်ရောင်းချခဲ့တာဖြစ်ပါတယ်။ အဲဒီနောက် တစ်ပွဲကို ၈၀၀ ကျပ်၊ ၁၂၀၀ ကျပ်နဲ့ အခုတော့ ကုန်ဈေးနှုန်းတွေအရ ဆိုင်စား ၂၅၀၀ ကျပ်၊ ပါဆယ် ၃၀၀၀ ကျပ်နဲ့ ရောင်းချနေတာဖြစ်ပါတယ်။ အခုလက်ရှိ ဈေးကတော့ ထမင်းပေါင်းတစ်ပွဲကို ၂၅၀၀ ကနေ ကျန်တဲ့ အသားကင် ၊ အခေါက်ကင်၊ ထမင်းကြော်၊ ကြာဇံကြော် အဲဒါတွေလည်းရတယ်။ ဒီမှာဆို နောက်ထပ်တိုးထားတဲ့ ဝက်အူပိတ်ကြော်ပေါ့နော်။ အဲဒါလေးကလည်း တော်တော်အားပေးကြတယ်။ စောစောလာမှ စားရတာပေါ့နော်။ နောက်ကျရင်ကုန်သွားတတ်လို့” လို့ ဆိုပါတယ်။ အရင်ကတော့ ထမင်းပေါင်း ပေါ့နော်။ အခုတော့ တရုတ်စာ အစုံရတယ်။ ခေါက်ဆွဲကြော်၊ ကြာဇံကြော်၊ ကုန်းဘောင်ကြီးကြော်၊ အခေါက်ကင်၊ အသားကင်၊ ဝက်အူပိတ်ကြော်၊ အမှာအများဆုံး ဝက်အစုံထမင်းပေါင်းနဲ့ အူပိတ်ကြော်ပေါ့နော်။ တော်တော်လေးစားကြတယ်။ လေဟာပြင်ဈေးက မေ့မရထမင်းပေါင်းလို့ ပြောရင် အဲဒီခေတ်ကာလက လူကြီးတွေက အကုန်သိကြတော့ ညီမတို့က ဒီနာမည်လေးကို ဆက်ထိန်းသွားမယ်” လို့ ဆိုင်ကိုဦးစီးနေသူ မခင်က ဆိုပါတယ်။ဆိုင်လိပ်စာကတော့ ကျောက်တံတားမြို့နယ်၊ ၃၉ လမ်း ၊ မဟာဗန္ဒုလလမ်းနဲ့ ကုန်သည်လမ်းထောင့် မှာဖြစ်ပြီး မနက် (၉) နာရီလောက်ကနေ ညနေ (၅) နာရီလောက်ထိ ဖွင့်လှစ်ထားပါတယ်။ ဒါကြောင့်မို့ ထမင်းပေါင်းအရသာမြည်းစမ်းချင်သူတွေအနေနဲ့ မြို့ထဲဘက်ရောက်တဲ့အခါ တစ်ခါလောက်တော့ လာရောက်စားကြည့်ကြဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *