Local News

သားသမီး၇ယောက်ရှိသော်လည်း အိမ်ထောင်ကိုယ်စီကျပြီးနောက် တစ်စက်ကလေးမှ လှည့်မကြည့်ပဲ ပစ်ထားခြင်းခံခဲ့ရသော မိခင်အိုကြီး

အသက်၆၉နှစ်အရွယ် မိခင်အိုကြီးတစ်ဦးသည် သားသမီး ၇ယောက်လုံးကို ပင်ပန်းဆင်းရဲကြီးစွာ ပြုစုပျိုးထောင်ပေးခဲ့သော်လည်း မလုပ်နိုင် မကိုင်နိုင်သည့်အရွယ်ရောက်သောအခါ မည်သူကမှ လှည့်ကြည့်ခဲ့ခြင်းမရှိပဲ ကန့်တွက်နေကြကာ အိမ်စုတ်လေးမှာ တစ်ယောက်တည်း ချန်ထားခဲ့ကြသည်။မိခင်ဖြစ်သူသည် ငယ်စဥ်က ပင်ပန်းဆင်းရဲစွာ အလုပ်လုပ်ခဲ့ရသည့် ဒဏ်ကြောင့် အိုမင်းလာသောအခါ မကြာခဏနေမကောင်းဖြစ်ပြီး အိပ်ရာထဲတွင်သာ အမြဲလိုလို လှဲနေခဲ့ရသည်။ မိခင်အိုကြီးရဲ့ သားသမီးတွေမှာ အရွယ်ရောက်သည်နှင့်အကုန်လုံးက အိမ်ထောင်တွေကျကုန်ပြီး အခြားရပ်ရွာသို့ ပြောင်းကုန်ကြကာ နေမကောင်းသည့်အချိန်လေးတွင် အနားမှာရှိနေစေချင်တာကြောင့် “အမေက သားတို့သမီးတို့အပေါ်မှာ မကြိုက်တာတွေ အမှားတွေလုပ်မိသွားရင် တောင်းပန်ပါတယ်”ဟုဆိုကာ အိမ်ပြန်လာရန် မျှော်လင့်နေဆဲဖြစ်သည်။ကံကောင်းစွာပဲ မိခင်အိုကြီးအား ဒေသခံအာဏာပိုင်များမှ အိမ်စုတ်လေးကို ဖျတ်ပြီးအသစ်ဆောက်လုပ်ပေးပြီးနောက် လိုအပ်သည့် ဆေးဝါးနှင့် စားစရာတို့ကို လှူဒါန်းပေးခဲ့သည်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *