Cele News မြန်မာဆယ်လီ

သရုပ်ဆောင် ဖွေးဖွေး နဲ့ သဇင်ထူးမြင့်အပါအဝင် ၅၀၅ က ဖြင့် တရားစွဲခံထားရတဲ့ အနုပညာရှင် (၁၁)ဦးကို အမှုပိတ်သိမ်းပေ

ပရိသတ်ကြီးရေ (၁၀၂)ကြိမ်မြောက် အမျိုးသားနေ့ အောင်ပွဲကို ဂုဏ်ပြုသောအားဖြင့် နစက အစိုးရက အကျဥ်းသား (၅၀၀၀) ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ပြီး သရုပ်​ဆောင် ဆင်မလည်း ပြန်လွတ်လာသလို ၅၀၅ က ဖြင့် တရားစွဲခံထားရတဲ့ အနုပညာရှင် (၁၁)ဦးကိုလည်း အမှုပိတ်သိမ်းပေးခဲ့တာဖြစ်ပါတယ်။ဒီကနေ့ လွှတ်ပေးလိုက်တဲ့ လွတ်ငြိမ်းချမ်းသာဖြင့် လွှတ်ပေးလိုက်သူထဲမှာ ဟာသသရုပ်ဆောင် ဆင်မ ကပြန်လည်လွတ်မြောက်ခဲ့ပြီး အဆိုတော်နီနီခင်ဇော် ၊ဘုန်းသိုက်၊ဟေမာန်သူသူအောင်၊ နန်းခင်ဇေယျာ၊ဖွေးဖွေး၊ယွန်းဝတီလွင်မိုး၊ထက်ထက်ထွန်း၊သဇင်ထူးမြင့်တို့ကိုတော့ ၅၀၅ ပုဒ်မ ပိတ်သိမ်းပေးခဲ့တယ်လို့သိရပါတယ်။ အမှုပိတ်သိမ်းခံရတဲ့ အနုပညာရှင်အများစုက အရင်ကတည်းက အနုပညာအလုပ်တွေကို ပြန်လုပ်နေကြတဲ့ သူတွေလည်းဖြစ်ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *