Cele News မြန်မာဆယ်လီ

မိသားစုကထိန်ပွဲလေး အောင်မြင်မြင်ကျင်းပပြုလုပ်ခဲ့တဲ့ အလှမယ်သင်းသင်း

မိသားစုကထိန်ပွဲလေး အောင်မြင်မြင်ကျင်းပပြုလုပ်ခဲ့တဲ့ အလှမယ်သင်းသင်း

ပရိတ်သတ်ကြီးရေ၊အခုတစ်ခါမှာဆိုရင်တော့အလှမယ်သင်းသင်းက သူမရဲ့ ကထိန်အလှူတုန်းက ကြည်နူးစရာပုံရိပ်တွေကိုအခုလိုပြန်လည် မျှဝေလာခဲ့ပါတယ်နော်။

အလှမယ်သင်းသင်းက ဘဝရဲ့ အဖိုးမဖြတ်နိုင်တဲ့ အချိန်လေးတွေ ထဲက ဆန္ဒတစ်ခုဖြစ်မြောက်ခဲ့ပြန်ပြီ ပထမဆုံး ကထိန်းအလှူလေးပါ၊ ကျမတို့ မောင်နှမသုံးယောက်ရဲ့အလှူလေး မိဘကျေးဇူးလေးကို ထပ်ဆပ်ခွင့်ရပြန်ပြီ၊ နှစ်တိုင်း ကထိန်းခင်းနိုင်ဖို့ ကြိုးစားပါ့မယ်၊ သင်းတို့မိသားစုပြုသမျှ ကုသိုလ်အစုစုတို့အားထပ်တူထပ်မျှကောင်းကျိုးရကြပါစေ၊ တန်ဆောင်းမုန်း လပြည့်ရဲ့ ကထိန်အလှူပုံရိပ်လေးတွေပါ။

အလှူအတွက် ဝတ်စုံလေး ဖန်တီးပေးခဲ့ကြတဲ့ နန်းမြန်မာပိုးထည်တိုက် MDY ၊ ဒီဇိုင်နာ ကိုဇင်ခန့် MDY ကျေးဇူးအများကြီးတင်ပါတယ်၊ ဓါတ်ပုံ ကျမကိုအမြဲလက်တွဲခေါ်ယူပြီး ပံ့ပိုးပေးခဲ့သူ ကိုကြီးနေမင်းထွန်း & စည်သူ ကျေးဇူးအများကြီးတင်ပါတယ်။

ကထိန်အလှူလေးအတွက် အစစရာရာဝိုင်းဝန်းကူညီပေးကြတဲ့ ကျေလတ်ဒေသရှိလူကြီးလူငယ် တစ်ယောက်ချင်းစီတိုင်းကိုအထူးကျေးဇူးတင်ပါတယ်၊ ချစ်သူ မုန်းသူ အေးချမ်းငြိမ်းချမ်းကြပါစေ ဆိုပြီးတော့သူမရဲ့လူမှုကွန်ယက်စာမျက်နှာထက်မှာရေးသားဖော်ပြထားပါတယ်၊စာဖတ်ပရိတ်သတ်ကြီးများအတွက်ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်နော်။

ကူးယူဖော်ပြခွင့်မပြု !!!!!!!!!

Zawgyi Vision







Leave a Reply

Your email address will not be published. Required fields are marked *