Cele News မြန်မာဆယ်လီ

နှာခေါင်းကွဲ၊ အာခေါင်ကွဲ ကလေးငယ်ကို စွန့်ပစ်ခဲ့တဲ့ မိဘတွေကို ကလေးရဲ့ကျန်းမာရေးအတွက် သိန်း (၂၀) ထောက်ပံ့ပေးမယ်ဆိုတဲ့ ခိုင်နှင်းဝေ

ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်လည်းဖြစ်သလို ပရဟိတလုပ်ငန်းတွေကိုလည်းလုပ်ကိုင်သူတစ်ယောက်ဖြစ်တဲ့ ခိုင်နှင်းဝေကတော့ ပရိသတ်တွေကြားမှာ ကောင်းသတင်းနဲ့ ကျော်ကြားသူဖြစ်ပါတယ်။ ခိုင်နှင်းဝေက ကလေးတွေများစွာကို စောင့်ရှောက်ထားသူတစ်ယောက်ဖြစ်ပေမယ့် ကလေးတစ်ယောက်ချင်းစီကို မေတ္တာနဲ့စောင့်ရှောက်ပြီး မိခင်ရင်းသဖွယ် ရင်အုပ်မကွာပြုစုယုယနေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ မနေ့က နိုဝင်ဘာလ (၁၄) ရက်နေ့မှာလည်း ခိုင်နှင်းဝေက စွန့်ပစ်ခံထားရတဲ့ နှုတ်ခမ်းကွဲ၊ အာခေါင်ကွဲကလေးငယ်တစ်ယောက်ကို လက်ခံရရှိခဲ့ပြီး ထိုကလေးနဲ့ပတ်သက်ပြီး မိဘတွေကို သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ အသိပေးလာပါတယ်။ ခိုင်နှင်းဝေက “လှည်းကူးမြို့နယ် ရွာထိပ်က အမှိုက်ကန်မှာ နှာခေါင်းကွဲ၊ အာခေါင်ကွဲ မွေးကင်းစ သမီးလေး တစ်ဦး စွန့်ပစ်ထား၍ ရပ်ကွက် အုပ်ချုပ်ရေးမှူး နှင့် ရဲမွန် ကျေးလက် ကျန်းမာရေး ဦးစီးဌာနခွဲ မှ ခေါ်ယူစောင့်ရှောက်ပေးထားပါတယ်ရှင်။ ကလေးရဲ့ ရောဂါက ကြောက်စရာမလိုပဲ ကုသလို့ ရတဲ့ အခြေအနေမို့ ကလေးမိဘများ အနေ နဲ့ ငွေကြေးကြောင့် စွန့်ပစ်ခဲ့ခြင်း ဆိုပါက ကျမ အနေနဲ့ သိန်း (၂၀) ကျပ်ကို ထောက်ပံ့ကူညီပေးသွားမှာ ဖြစ်ပါတယ်..ကလေးမိဘများ နှင့် နီးစပ်ရာများ မှ နားချကူညီပေးပြီး ကျမဆီသို့ ဆက်သွယ်ပေးနိုင်ပါတယ်ရှင်….” ဆိုပြီး သူမရဲ့ဖေ့စ်ဘုတ်စာမျက်နှာကနေ ရေးသားခဲ့ပါတယ်။ခိုင်နှင်းဝေကတော့ ကလေးကိုစွန့်ပစ်သွားတဲ့အနေနဲ့ ကလေးရဲ့ကျန်းမာရေးကို ကုသဖို့အခက်အခဲရှိတယ်ဆိုပါက သူမကိုယ်တိုင် ငွေကျပ် သိန်း (၂၀) တိတိကို ဆေးကုသစရိတ်အဖြစ် ထောက်ပံ့ပေးသွားမယ်လို့ ပြောလာတာပဲ ဖြစ်ပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *