မြန်မာဆယ်လီ

သူငယ်ချင်းအိမ်ထောင်ကျတော့မယ့်အချိန်မှာ သူမအနေနဲ့ ခင်ပွန်းသည်မရှိလို့ စိတ်အားငယ်နေတဲ့ နန်းမြတ်ဖြိုးသင်းကို အားပေးစကားပြောခဲ့တဲ့ နန်းသူဇာ

သရုပ်ဆောင် နန်းသူဇာနဲ့ နန်းမြတ်ဖြိုးသင်းတို့ သူငယ်ချင်းနှစ်ယောက်ကတော့ ညီအစ်မတွေလားထင်ရလောက်အောင် ခင်မင်ရင်းနှီးသူဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းနဲ့ နန်းသူဇာတို့ နှစ်ယောက်က အနုပညာအလုပ်တွေလည်း အတူတူတွဲဖက်လုပ်ကိုင်ခဲ့ကြသလို သီချင်းတွေလည်း အတူတူသီဆိုခဲ့ကြပြီး ခင်မင်မှုအတိုင်းအတာဟာလည်း ဆယ်နှစ်နီးပါးတိုင်ရှိခဲ့ပြီပဲ ဖြစ်ပါတယ်။ မကြာခင်မှာ နန်းသူဇာက သူမရဲ့ချစ်သူ အဆိုတော်ကျော်ထွဋ်ဆွေနဲ့လက်ထပ်တော့မှာမို့ နန်းသူဇာဟာ သူငယ်ချင်း အိမ်ထောင်မကျခင် အစစအရာရာ စီစဉ်ကူညီပေးနေတာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်မှာ နန်းသူဇာအတွက် နန်းမြတ်ဖြိုးသင်းဟာ သူငယ်ချင်းတွေနဲ့ပေါင်းပြီး Bridal Shower ပွဲလေးကို စီစဉ်ပေးခဲ့တာပဲ ဖြစ်ပါတယ်။ နန်းမြတ်ဖြိုးသင်းရဲ့ Surprise အတွက် နန်းသူဇာက ဝမ်းသာခဲ့ပြီး “ဟိဟိ 😁😁😁 အရမ်းပျော်တဲ့ညနေခင်းလေး 🥰🥰 World of married ကိုလာပြီနော် သွန်သင်ဆုံးမပေးပါဦး 🤣🤣” ဆိုပြီး ရေးသားခဲ့ရာ နန်းမြတ်ဖြိုးသင်းက သူမအနေနဲ့ အိမ်ထောင်တစ်ခုကို ဆုံးခန်းတိုင်အောင် မတည်ဆောက်နိုင်တာကြောင့် “I failed 😣” ဆိုပြီး ပြောခဲ့တာကြောင့် နန်းသူဇာက သူငယ်ချင်းကို “Nooo 😞 You are my role model. Ntz အတွက်တော့ နန်းမြတ်ဟာ စံပြပဲ Love you 😘” ဆိုပြီး ရေးသားခဲ့ပါတယ်။

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *