မြန်မာဆယ်လီ

တန်ဆောင်မုန်းလပြည့်နေ့မှာ ရန်ကုန်မြို့အနှံ့ ကားတစ်စီးနဲ့ ပံ့သကူပစ်ပြီး ကုသိုလ်ယူခဲ့တဲ့ ဟိန်းဝေယံ

နိုင်ငံကျော်မင်းသားချော ဟိန်းဝေယံကတော့ ရုပ်ရည်ချောမောရုံသာမကပဲ သရုပ်ဆောင်လည်းကောင်းမွန်တာကြောင့် အနုပညာလောကရဲ့ နာမည်ကြီး သရုပ်ဆောင်တစ်ယောက်ပါပဲ။

ဟိန်းဝေယံဟာ ဗီဒီယိုဇာတ်ကားတွေနဲ့ အောင်မြင်ခဲ့တဲ့ မင်းသားတစ်ယောက်ဖြစ်ပေမယ့် ဗီဒီယိုဈေးကွက် ပျက်သုဉ်းသွားတဲ့အချိန်မှာတော့ ဟိန်းဝေယံဟာ မယိမ်းယိုင်ပဲနဲ့ ဇာတ်လမ်းတွဲတွေ၊ ရုပ်ရှင်တွေ ဆက်လက်ရိုက်ကူးနေလျက်ရှိတာပဲဖြစ်ပါတယ်။

အနုပညာအလုပ်တွေနဲ့ မအားမလပ်နိုင်အောင်ရှိတဲ့ ဟိန်းဝေယံဟာ ဘာသာရေးနဲ့ ကုသိုလ်ရေးကိုလည်း မမေ့လျော့တတ်သူတစ်ယောက်ဖြစ်ပြီး ကောင်းမှုတွေကို မကြာခဏပြုတတ်သူဖြစ်ပါတယ်။

မနေ့က တန်ဆောင်မုန်းလပြည့်နေ့ညမှာလည်း ဟိန်းဝေယံက ဆန်နဲ့ကြက်သွန်တွေကို ကားပေါ်အပြည့်တင်ဆောင်ပြီး ရန်ကုန်မြို့အနှံ့ ကားတစ်စီးနဲ့ ပံ့သကူပစ်ပြီး ကုသိုလ်ယူခဲ့တာကို တွေ့ရပါတယ်။ဟိန်းဝေယံကတော့ တန်ဆောင်မုန်းလပြည့်နေ့မှာ ရန်ကုန်မြို့အနှံ့ ကားတစ်စီးနဲ့ ပံ့သကူပစ်ပြီး ကုသိုလ်ယူခဲ့တာပဲ ဖြစ်ပါတယ်။ ဟိန်းဝေယံတစ်ယောက် ကုသိုလ်တွေအများကြီးရရှိပြီး ဒီထက်မက အောင်မြင်မှုတွေရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
MyanmCelebri

Leave a Reply

Your email address will not be published. Required fields are marked *