မြန်မာဆယ်လီ

တန်ဆောင်မုန်းလပြည့်နေ့မှာ အပျော်သဘောအနေနဲ့ ပံ့သကူလိုက်ကောက်ခဲ့ပေမယ့် တွက်ချေမကိုက်ခဲ့တဲ့ဖြစ်ပုံကို ပြောပြလာတဲ့ ညီညီမောင် (စမ်းချောင်း)

မိတ်ကပ် ညီညီမောင် (စမ်းချောင်း) ကတော့ သူ့ရဲ့မိတ်ကပ်ပညာကြောင့်သာမကပဲ ပျော်ပျော်နေတတ်တဲ့ ပုံစံလေးကြောင့် ပရိသတ်အားပေးမှုကိုရရှိထားသူဖြစ်ပါတယ်။ မိတ်ကပ်အလှဖန်တီးရှင်တစ်ယောက်အပြင် ဆယ်လီဘရစ်တီတစ်ယောက်လည်းဖြစ်တဲ့ ညီညီမောင်ဟာ ကြော်ငြာတွေအပြင် ရုပ်ရှင်ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးဖူးသူတစ်ယောက်ပဲဖြစ်ပါတယ်။

ညီညီမောင် (စမ်းချောင်း) ဟာ ပျော်ပျော်နေတတ်သူတစ်ယောက်ပီပီ ပရိသတ်တွေဆီကိုလည်း အပျော်တွေမျှဝေလေ့ရှိတာမို့ ပရိသတ်တွေကို အမြဲတမ်းပျော်ရွှင်စေတာပဲ ဖြစ်ပါတယ်။  မနေ့က တန်ဆောင်မုန်းလပြည့်နေ့ညမှာလည်း ညီညီမောင် (စမ်းချောင်း)ဟာ အပျော်သဘောအနေနဲ့ ပံ့သကူလိုက်ကောက်ခဲ့ပေမယ့် တွက်ချေမကိုက်ခဲ့တဲ့ဖြစ်ပုံကို ဟာသအနေနဲ့ ပြောပြလာပါတယ်။

ညီညီမောင် (စမ်းချောင်း) က “ရမလား လုပ်ကြည့်ဒါ တွက် ချေမကိုက်ပါဘူး 🤪 ညီညီမောင်(စမ်းချောင်း)ကြီး ဆိုလို့ ပြန်လာခဲ့ရဒယ် 😅😅” ဆိုပြီး ပြောပြလာခဲ့ပါတယ်။

ညီညီမောင် (စမ်းချောင်း)ကတော့ ပံ့သကူလိုက်ကောက်ခဲ့ပေမယ့် လူသိများတဲ့ ဆယ်လီဘရစ်တီတစ်ယောက်ဖြစ်နေခဲ့ပြီး ပရိသတ်တွေကလည်း မှတ်မိနေကြတာကြောင့် ထင်သလောက် အဆင်မပြေခဲ့ကြောင်း ဟာသအနေနဲ့ ပြောလာခဲ့တာပဲ ဖြစ်ပါတယ်။
MyanmCelebri

Leave a Reply

Your email address will not be published. Required fields are marked *