Cele News မြန်မာဆယ်လီ

သူမရဲ့ရုပ်ရှင်ဇတ်ကားကြီးကို မကြည့်ကြနဲ့လို့ပြောလာတဲ့ ပြည်သူ့အချစ်တော်မင်းသမီးဖွေးဖွေး

သူမရဲ့ရုပ်ရှင်ဇတ်ကားကြီးကို မကြည့်ကြနဲ့လို့ပြောလာတဲ့ ပြည်သူ့အချစ်တော်မင်းသမီးဖွေးဖွေး

ပြည်သူ့အချစ်တော်မင်းသမီးလေးဖွေးဖွေးရဲ့ ရည်းစားရွေးနည်းရုပ်ရှင်လေးဟာ နိုင်ဝင်ဘာ၄ ရက်မှာစတင်ပြသတော့မယ်လို့ ဖေ့ဘွတ်စာမျက်နှာထွေလာလေးတွေမှတစ်ဆင့် လူသိများနေပါတယ်။

ပြည်သူ့အချစ်တော်ဖွေးဖွေးက ၂၀၂၁ခုနှစ် ဧပြီလထဲက ပုဒ်မ၅၀၅ နှင့် နေအိမ်ကတိမ်းရှောင်နေရတာဖြစ်ပါတယ်။ သူမတိမ်းရှောင်နေစဉ်အတွင်းမှာ သူမရဲ့ဖခင်ကြီးကွယ်လွန်သွားခဲ့ပါတယ်။

တစ်ဦးတည်းသောသမီးလေးဖွေးဖွေးဟာ ဖခင်ဖြစ်သူရဲ့ ဇာပနကိုပြန်မလာနိုင်တဲ့အတွက် ယူကြုံးမရ ဝမ်းနည်းခဲ့ရသူတစ်ယောက်ဖြစ်ပါတယ်။

ဒီတစ်ခေါက်ထွက်ရှိလာတဲ့ သူမရဲ့ရုပ်ရှင်အကြောင်းအရာနဲ့ပက်သက်ပြီးဖွေးဖွေးက သူမရဲ့ဖေ့ဘွတ်အကောင့်မှာ “လွန်ခဲ့တဲ့ ၃-၄ နှစ်က အရမ်းးးးးပျော်ပြီးရိုက်ထားတဲ့ကား လေး…
နောက်ထပ်ရုံတင်ဖို့လဲ ရိုက်ထားတာ 2020 က ၂ကားလောက်ပဲကျန်တော့တယ်။နောက်အသစ်ရိုက်ထားတာတော့ ဒီ ၂ နှစ်အတွင်းမရှိတော့ဘူး။ကြည့်ချင်လဲကြည့်ကြ မကြည့်ချင်လဲမကြည့်ကြနဲ့
(လေသံဖျော့ဖျော့နှင့်ဖတ်ရန်)” လို့ရေးသားထားပါတယ်။

ဇတ်ကားလေးက ဟာသ ဒရာမာလေးအဖြစ်ဖွေးစိန်ရဲ့ အလွဲလေးတွေကို စိတ်ဝင်စားစရာကြည့်ရမှာဖြစ်ပါတယ်။ပြည်သူချစ်မင်းသမီးလေးရဲ့ ဇတ်ကားကို လူတွေက အရမ်းစိတ်ဝင်စားနေကြပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *