မြန်မာဆယ်လီ

မင်္ဂလာပွဲသို့ အင်္ကျီအစုတ်ဖြင့် ရောက်လာခဲ့တာကြောင့် အဖက်လုပ်မည့်သူမရှိဘဲ တစ်ယောက်တည်းအားငယ်စွာထိုင်နေရရှာသည့် အဖိုးအို

လူတိုင်း၏ပါးစပ်ဖျားတွင် ပြောနေသော စကားတစ်ခွန်းကတော့ ငွေကြေးချမ်းသာမှုဟာ အဓိကမကျဘဲ စိတ်ထားကောင်းမွန်ရန်သာ လိုအပ်သည်ဟု ဆိုနေကြခြင်းဖြစ်ပါတယ်။ ထိုသို့ပြောဆိုနေကြသူများကပင် ငွေကြေးချမ်းသာသူများကိုဆိုလျှင် ကောင်းမွန်စွာအလေးပေးဆက်ဆံနေကြတာဖြစ်ပါတယ်။ ငွေကြေးက လူဘုံအလယ်တွင် မျက်နှာပွင့်လန်းစေတာကိုတော့ အမှန်တကယ်ဝန်ခံကြရပေလိမ့်မည်။ယခုတွင်လည်း အဖိုးအိုတစ်ဦးဟာ မင်္ဂလာဆောင်မိသားစု၏ဖိတ်ကြားမှုအရ ပွဲသို့သွားရောက်ပြီး မင်္ဂလာပွဲကို ဂုဏ်ပြုပေးခဲ့ပါတယ်။ သို့သော် အဖိုးဟာ အင်္ကျီအစုတ်လေးကိုသာ ဝတ်နိုင်သည့်အတွက် အနားတွင် လာထိုင်ချင်သူမရှိသည့်အပြင် မည်သူကမှ အလေးထားပြောဆိုခြင်းမရှိခဲ့ပေ။ထို့ကြောင့်အဖိုးဟာ စားပွဲတွင် အားငယ်စွာဖြင့် ထိုင်နေရပြီး ခွဲခြားဆက်ဆံခြင်းကိုခံခဲ့ရတာဖြစ်ပါတယ်။

MyanmCelebrit


 

Leave a Reply

Your email address will not be published. Required fields are marked *