မြန်မာဆယ်လီ

တစ်ကိုယ်လုံးလည်းခွဲစိပ်ထားတယ် မိသားစုလည်းမရှိပါဘူး ဘာလို့လာတိုက်ခိုက်နေတာလဲဆိုပြီး ဝမ်းနည်းစွာရင်ဖွင့်လာတဲ့ သရုပ်ဆောင်ထက်ထက်မိုးဦး

သရုပ်ဆောင်ထက်ထက်မိုးဦးက ဒီအသက်ဒီအရွယ်မှာကြိုးစားအလုပ်နေရတာအလုပ်တစ်ခုရဘို့လွယ်တယ်မှတ်နေလား၊ ကိုယ့်အလုပ်ပေါ်တာဝန်​ေကြယုံမကဘဲစေတနာမေတ္တာတွေနဲ့လုပ်ပေးခဲ့တယ်၊ လုပ်နေတယ်ကိုယ့်ကိုချစ်တဲ့သူတိုင်းကိုယ်နဲ့အလုပ်လုပ်ဖူးသူတိုင်းသိပါတယ်၊ လူ့ဘဝမှာအောင်မြင်ဖို့ရယ်အောင်မြင်ပြီးနှစ်ပေါင်းများစွာရပ်တည်နိုင်ဘို့ကိုကျမဘယ်လောက်ထိသည်းခံရလဲဘယ်လောက်ထိမောရလဲလူတွေမမြင်အောင်မသိအောင်မျက်ရည်ခိုးသုတ်နေရလဲကျမပဲသိတယ်။ လျှောက်လှမ်းလာခဲ့တဲ့ကျမဘဝဘယ်အချိန်အေးချမ်းသာယာခဲ့လို့လဲ၊ ငယ်ငယ်ကလဲမိဘနဲ့မနေရလို့ဆင်းရဲလို့အရွယ်နဲ့မမျှအောင်ကျမဘဝရုန်းကန်ပျက်စီးခဲ့ရတယ်ပိုက်ဆံမရရအောင်ရှာမယ်ဆိုပြီးနှလုံးရောဂါနဲ့သေမတတ်မောလဲမေ့ထားပြီးအောင်မြင်အောင်ကြိုးစားခဲ့တယ်အောင်မြင်လာတော့လဲကျမဘဝပျက်ခဲ့ရတာအကြိမ်ကြိမ်ဒါကိုချစ်တဲ့သူတွေကစာနာနားလည်ပေးကြတယ်။ တချို့ကသားသမီးခြင်းကိုယ်ချင်းမစာမှိုချိုးမြစ်ချိုးပြောကြတယ်၊ ထားပါတော့ဒါကလဲကျမဘဝနဲ့ကျမကံတရားပါပဲ၊ ပညာမတတ်မိဘနဲ့အတူမနေရတဲ့တစ်ကောင်ကြွက်ကဘယ်သူကနည်းမှန်လမ်းမှန်နဲ့ဘဝကိုဖြောင့်ဖြူးမလဲဆိုတာ ကျမမှားမှားမှန်မှန်ဘာပြဿနာဖြစ်ဖြစ်ထားလိုက်ပါလေဆိုပြီးသည်းခံရင်းနဲ့ကျမသာလျှင်အမှားအဆိုးထင်ခဲ့ကြတာ၊ ဒါပေမေယ့်ကျမခံစားချက်တွေပြောမနေပါဘူး၊ အခုအသက်ကြီးလာတော့ပိုပြီးမပြောချင်ဘူးဘဝအတွေ့အကြုံရဖြတ်သန်းလာရတာမောနေပြီ။အတိုချုံးပြောရရင်တစ်ကိုယ်လုံးလဲခွဲစိတ်ထားရတာ၊ မကျန်းမာဘူးအားတင်းပြီးအလုပ်လုပ်နေတာ၊ ကျမဘယ်သူ့ကိုမှဒုက္ခပေးနေတာမဟုတ်ဖူး၊ ကျမကိုလိုက်နံမည်ဖျက်နေတဲ့လူတသိုက်ရှိနေတယ်၊ ကျမကလိမ်ရောင်းရအောင်လူတွေကနားမလည်ရှာဘူးကိုး၊ ကျမကအချိန်ပိုင်းနဲ့လွှင့်ရောင်းပေးတာပဲရှိတာပဲ၊ ကျမကဘာတွေဘယ်လိုလိမ်ရောင်းရမှာလဲစိတ်ညစ်ပါတယ်၊ ကျမငယ်တဲ့အရွယ်ကလဲရသမျှပိုက်ဆံကျောင်းတွေဆောက်လုပ်လှူတန်းခဲ့တာ၊ဘုန်းကြီးကျောင်းတွေကောအထက်တန်းကျောင်းစာသင်ကျောင်းတွေလှူခဲ့တာသိကြမှာပါ။ကျမမှာအဲ့လိုယုတ်မာတတ်တဲ့စိတ်ရှိမရှိအားလုံးသိကြပါတယ်၊ ကျမအသက်ကြီးပြီကျန်းမာရေးမကောင်းရတဲ့အထဲတစ်ယောက်ထဲအေးဆေးနေနေတာ၊ ရရာအလုပ်ကိုပင်ပင်ပန်းပန်းကြိုးစားလုပ်ကိုင်စားသောက်နေရတာ၊ ကျမထမင်းအိုးကိုလိုက်ပြီးဘာလို့လိုက်ရန်ရှာနေရတာလဲ၊ ကျမသေပေးရမှာလားပြော၊ တစ်သက်လုံးစိတ်မချမ်းသာလာခဲ့ရတာ၊ ကျမရဲ့နောက်ဆုံးအရွယ်မှာတော့ကျမကိုလိုက်ပြီးသေတဲ့ထိဒုက္ခမပေးကြပါနဲ့တော့ကျမအရမ်းစိတ်ညစ်တယ်ဆိုပြီးတော့ရေးသားဖော်ပြထားပါတယ်၊

MyanmCelebrit

Leave a Reply

Your email address will not be published. Required fields are marked *